မတ် ၁၅ရက် မြင်းခြံသပိတ်မှာ ကျည်ထိမှန်ခဲ့တဲ့ အမျိုးသားဆုံးပါး

မတ် ၁၉-၂၀၂၁
KLY(VOM)

မြင်းခြံမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ သပိတ်စစ်ကြောင်းကို တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းမှုအတွင်း ပါးစပ်ကိုကျည်ထိမှန်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရလို့ မန္တလေးမှာ သွားရောက်ကုသမှုခံယူနေရတဲ့ အမျိုးသားတစ်ဦး ဒီနေ့ မတ် ၁၉ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မန္တလေးမှာ ဆုံးပါးသွားလို့ အလောင်းကို ပြန်သယ်ဆောင်လာတာလည်း နေအိမ်ပြန်ရောက်ပါပြီ။ ကိုအောင်ကိုကိုခန့်က ပါးစပ်ကို ကျည်ဆန်ထိမှန်ခဲ့သလို ရိုက်နှက်ခံရသူပါ” လို့ မြင်းခြံမြို့ခံ ပရဟိအဖွဲ့စည်းတစ်ခုမှ အမျိုးသားတစ်ဦးက ပြောပြပါတယ်။

ဒီနေ့ ထပ်မံသေဆုံးတဲ့ အသက် ၂၇နှစ်အရွယ်ရှိ ကိုအောင်ကိုကိုခန့် အပါအဝင် မြင်းခြံမှာ သေဆုံးသူ ၉ ဦးနဲ့ ဒဏ်ရာရသူ ၁၇ဦးလောက်ရှိပြီလို့ သိရပါတယ်။

ဓါတ်ပုံ-သက်နိုင်အောင်

#VoiceOfMyanmar #VOM #မြင်းခြံ #သပိတ် #သေဆုံး #ဒဏ်ရာရ

Related posts

VOM News

FREE
VIEW