မြဝတီမြို့ဇရပ်ဖြူကုန်းကျေးရွာမှာ လက်နက်ကိုင်အချို့ဝင်ပစ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှုးနှစ်ဦးနဲ့ ပြည်သူ့စစ်တစ်ဦး သေဆုံး

မတ်၂၀-၂၀၂၁
KLY(VOM)

ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ်မြဝတီမြို့ ဇရပ်ဖြူကုန်းကျေးရွာဓမ္မာ
ရုံမှာ မနေ့ မတ်၁၉ရက် ည ၈ နာရီကျော်လောက်က အမည်မသိလက်နက်ကိုင်တွေ ဝင်ရောက်ပစ်ခတ်သွားတဲ့အတွက် ကျေးရွာ တာဝန်ခံရွေးချယ်ပွဲတက်ရောက်လာကြတဲ့ အုပ်ချုပ်ရေးမှုးသစ်နှစ်ဦးနဲ့ပြည်သူ့စစ် တစ်ဦးသေဆုံးခဲ့တယ် လို့ ဒေသခံတွေဆီက သိရပါတယ်။

“ပစ်ခတ်တဲ့အဖွဲ့ကတော့ စုံစမ်းဆဲပါပဲ။ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦး သေ ဆုံး ပြီး ပြည်သူ့စစ်ကလည်း ဆေးရုံမှာဆုံးသွားပြီ။ သုံးဦးသေ နှစ်ဦးဒဏ်ရာရတယ်ပြောရမှာပါ “လို့ သင်္ကန်းကျွန်းညီနောင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

သေဆုံးသူတွေက ဝှေ့ရှမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ဝင်း၊ မဲ့ပလဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနဲ့ပြည်သူ့စစ်အဖွဲ့က ဦးကျော်လင်းဦးတို့ဖြစ်ပြီး ရပ်မိရပ်ဖနှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #မြဝတီ #ဇရပ်ဖြူကုန်းရွာ #ပစ်ခတ် #အုပ်ချုပ်ရေးမှူး #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW