ရဲတပ်ဖွဲ့နှင့် စစ်တပ်ရဲ့ လိုက်လံတားဆီးမှုကြားက သီပေါ ပြောက်ကျားသပိတ်

မတ်လ ၂၀- ၂၀၂၁
Shayi Violin(VOM)

ဒီနေ့ မတ် ၂၀ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ ရဲတပ်ဖွဲ့နှင့် စစ်တပ်တွေက သပိတ်စစ်ကြောင်းကို လိုက်လံတားဆီးတာ ရှိပေမယ့် ပြည်သူတွေက ပြောက်ကျားသပိတ်ပုံစံပြောင်းပြီး ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

“လာရင်ပြေး၊ ပြန်စု၊ ပြန်ကြွေးကြော် ပြောက်ကျားစနစ်နဲ့လုပ်တာ။ အရင်ရက်တွေမှာတော့ ဖြိုခွင်းခံခဲ့ရတာတွေရှိတယ်”ဆန္ဒပြရာမှာ ပါဝင်သူတဦးက ဆိုပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလဆန်းကစလို့ သီပေါမှာ လမ်းလျှောက်သပိတ်၊ လူမဲ့သပိတ်၊ ရေနစ်သပိတ် စတဲ့ပုံစံမျိုးစုံနဲ့ ဆန္ဒပြခဲ့တာ ဒီနေ့နဲ့ဆို ၄၁ ရက်ရှိပြီလို့ သိရပါတယ်။

Photo: SNNO

#VoiceOfMyanmar #VOM #သီပေါ #ပြောက်ကျားသပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW