CDM လုပ်ထားတဲ့ မီးရထားဝန်ထမ်းတွေ လိုင်းခန်းတွေကနေ အပြီးရွှေ့ပြောင်းနေရ

မန္တလေး၊ မတ်-၂၁- ၂၀၂၁
ရှိုင်းအောင်(VOM)

အာဏာရှင် ဆန့်ကျင်တဲ့အနေနဲ့ မန္တလေးမြို့၊ ဘူတာကြီးက မီရထားဝန်ထမ်းတွေလည်း CDM မှာ ပါဝင်ခဲ့တာကြောင့် နေထိုင်ရာ လိုင်းခန်းတွေကနေ အပြီးရွှေ့ပြောင်းနေကြရတာဖြစ်ပါတယ်။

မန္တလေးတိုင်း စီမံအုပ်ချုပ်ရေးကောင်စီက မတ်လ ၂၀ ရက်နေ့မှာ မီးရထားဝန်ထမ်းတွေကို ညွှန်ကြားစာတစ်စောင် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီညွှန်ကြားစာမှာတော့ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းဖြစ်စေ၊ မပါဝင်တဲ့ ဝန်ထမ်းဖြစ်စေ မတ်လ ၂၂ ရက်နေ့မှာ ရုံးပြန်တက်ဖို့ ညွှန်ကြားထား တာကိုတွေ့ရပါတယ်။

ရုံးတက်ရောက်ခြင်းမရှိတဲ့ ဝန်ထမ်းတွေကိုတော့ မတ်လ ၂၅ ရက်နေ့နောက်ဆုံးထားပြီး နေထိုင်ရာလိုင်းခန်းတွေကနေ ဖယ်ရှားပေးဖို့နဲ့ ဖယ်ရှားခြင်းမရှိတဲ့ နေအိမ်လိုင်းခန်းတွေကို အင်အားသုံးဖယ်ရှားဖို့လည်း ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။

“အစီအစဥ်မရှိဘဲ ရွှေ့ရတော့ နေရေးထိုင်ရေးအတွက် အခက်အခဲရှိတာပေါ့၊ CDM လုပ်ပြီး အခန်းပိတ်ပြီးထွက်သွားမယ်ဆိုရင် သူတို့က အင်အားသုံးပြီး ဖယ်ရှားမယ်ပြောတော့ ဝန်ထမ်းတွေက စိုးရိမ်စိတ်များပြီး ရွှေ့ကြတာတာ” လို့ CDM မှာပါဝင်တာကြောင့် နေအိမ်လိုင်ခန်းကနေ ရွှေ့ပြောင်းနေတဲ့ ဝန် ထမ်းတစ်ဦးက ပြောပါတယ်။

မန္တလေးဘူတာကြီး မီးရထားဝန်ထမ်းအိမ်ယာမှာ အခန်း ၅၀ ပါတဲ့ တိုက် ၁၂ လုံးရှိကာ ဝန်ထမ်းတချို့ကတော့ မတ်လ ၁၈ ရက်နေ့ကတည်းက ရွှေ့ပြောင်းနေကြပြီဖြစ်တယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #Mandalay #ဘူတာကြီး #မီးရထားဝန်ထမ်း #CDM

Related posts

Leave a Comment

VOM News

FREE
VIEW