အိန္ဒိယရောက် မြန်မာတွေ တရားဝင် ခိုလှုံနေထိုင်ခွင့်ရဖို့ မီဇိုရမ်းပြည်သူတွေ ဆန္ဒပြတောင်းဆိုဖို့ ပြင်ဆင်နေ

မတ် ၂၂ -၂၀၂၁
ကိုတိုးကြီး(VOM)

ဒီနှစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်း အချိန်ကစလို့ မြန်မာ – အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ဒေသဖြစ်တဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ် ထဲကို နေ့စဥ်လိုလို အလွှာအတန်းမျိုးစုံက မြန်မာနိုင်ငံသားတွေ ခိုလှုံနေထိုင်ဖို့ ဝင်ရောက်လာတယ်လို့ မီဇိုရမ်း ပြည်နယ် အစိုးရ ရဲဌာနနဲ့ အိမ်ရာဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲ့ဒီလို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ မနေ့ မတ် ၂၁ ရက် တနဂ်နွေနေ့ အထိဆိုရင် လူပေါင်း ၁ ထောင်နီးပါးရှိနေပြီ ဝင်ရောက်နေဆဲကာလ ဖြစ်တဲ့အတွက် သူတို့ရဲ့ လူကျင့်ဝတ် သိက္ခာနဲ့အညီ နေထိုင်ခိုလှုံခွင့် တရားဝင် ရရှိနိုင်ဖို့ မီဇိုရမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဇိုရမ်သန်ဂါ (Zoramtjanga ) ဦးဆောင်တဲ့ အဖွဲ့က ဗဟိုအစိုးရ ဝန်ကြီးချုပ် မိုဒီ ( Modi) နဲ့ မတ် ၁၈ ရက်နေ့က သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

တချိန်တည်းမှာပဲ အိန္ဒိယ ဖက်ဒရယ် အစိုးရက အိမ်နီချင်း နိုင်ငံတွေက တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာမှုတွေကို တားဆီးဖို့နဲ့ ပြန်လည်လွဲပြောင်းရေး ညွှန်ကြားချက်တွေကို မြန်မာနဲ့ထိစပ်နေတဲ့ ပြည်နယ် ၄ ခုက အာဆမ်ရိုင်ဖယ်တပ်တွေထံ စောင့်ထိန်းလိုက်နာဖို့ အမိန့်ထုတ် ညွှန်ကြားခဲ့ပါတယ်။

အဲ့ဒီ ညွှန်ကြားချက်တွေဟာ လူသားချင်းစာနာထောက်ထားရာ မရောက်ပဲ လူ့ကျင့်ဝတ် သိက္ခာကို မထီမဲ့မြင်ပြုရာ ရောက်စေတဲ့အတွက် မီဇိုရမ်းပြည်နယ်က ဒေသခံ ပြည်သူတွေဟာ လာမယ့် မတ် ၂၃ ရက် မနက်ဖန် နေ့ခင်း ၁၂ နာရီမှာ ခိုလှုံနေထိုင်ဖို့ ဝင်ရောက်လာတဲ့ မြန်မာတွေအတွက် ဆန္ဒပြ တောင်းဆိုသွားကြဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။

အဲ့ဒီ ဆန္ဒပြလှုပ်ရှားမှုကို မီဇိုရမ်းပြည်နယ် အိုက်ဇောမြို့မှာ ကျင်းပပြုလုပ်သွားဖို့ လူသားချင်း စာနာတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြည်သူတွေကို ဆော်သြထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ – မီဇိုရမ်း ပြည်သူတွေ ဆန္ဒပြရာမှာ ပါဝင်ဖို့ အိုက်ဇောမြို့က ဆော်သြစာကို မြင်တွေ့ရပုံ

#VoiceOfMyanmar #VOM #မီဇိုရမ်း #တရားဝင်နေထိုင်ခွင့် #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW