မတ်လ ၂၃ရက် အောင်ပင်လယ် ပစ်ခတ်မှုဖြစ်စဥ်မှာ ၁၂ နှစ်အရွယ် မိန်းကလေး ကျည်ထိမှန်သေဆုံးခဲ့

မတ် ၂၄ -၂၀၂၁
Voice Of Myanmar

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက် ၁၀၅လမ်းနဲ့ ၁၀၆လမ်းကြား ၅၂Cလမ်းမှာ မနေ့ မတ်လ၂၃ရက် ပစ်ခတ်မှုဖြစ်စဥ်အတွင်း မခင်မျိုးချစ်၊ အသက် ၁၂ နှစ်အရွယ် ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။

မနေ့က ပစ်ခတ်မှုဖြစ်စဥ်အတွင်း နေအိမ်အတွင်း အပေါ်ထပ်မှာ တိမ်းရှောင်နေချိန် ၇ နှစ် အရွယ် မခင်မျိုးချစ် ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာပေါ်တွေမှာတော့ ရေးသားဖော်ပြထားကြတာကိုလည်း တွေ့ရပါတယ်။

ဆေးခန်းမှာဖခင်ကိုယ်တိုင် ကနဦးအကြောင်းကြားချက်မှာ ၁၂ နှစ်လို့ပြောခဲ့တယ်လို့သိရပြီး နောက်ပိုင်းလူမှုကွန်ယက်မှာ ၇ နှစ်လို့ထွက်ပေါ်ရေးသားတာတွေ့ရပေမယ့် ဖွားစာရင်းမကြည့်ရသေးသလို မိသားစုနဲ့ VOM သီးခြားမတွေ့ရသေးတာမို့ သေဆုံးသူရဲ့ အသက်သီးခြား အတည်ပြုချက်မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ဆန္ဒပြမှုဖြစ်စဥ်တွေအတွင်း ကျည်ထိမှန် ကျဆုံးခဲ့သူအရေအတွက်ဟာ မတ်လ ၂၂ရက်နေ့အထိ ၂၁၇ဦး ရှိပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #၁၂နှစ်အရွယ် #မိန်းကလေး #ကျည်ထိမှန်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW