မော်လမြိုင်မြို့ သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရပြီး ဖမ်းဆီးခံရသူ၂၀ ကျော်ရှိနေ

မတ်၂၅-၂၀၂၁
KLY(VOM)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒဖော်ထုတ်နေကြတဲ့ အထွေထွေသပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရတာကြောင့် ထိခိုက်ဒဏ်ရာရသူအနည်းငယ်သာ ရှိပေမယ့်လည်း ဖမ်းဆီးခံရသူ၂၀ ကျော်ရှိနေတယ်လို့ မြို့ခံတက်ကြွလှုပ်ရှားသူတစ်ဦးက
ပြောပါတယ်။

“လမုတန်းဈေးနားမှာ မျက်ရည်ယိုဗုံးတွေ အသံ‌ဗုံးတွေနဲ့စတင်ပစ်ခတ်ပြီးမကြာခင် သေနတ်တွေနဲ့ပစ်ခတ်တာပါ။ ဖမ်းဆီးခံရသူ နှစ်ဆယ်ကျော်မှာ မိန်းကလေးတွေများတယ်”လို့ မော်လမြိုင်မြို့ခံ တက်ကြွလှုပ်ရှားသူကပြောပါတယ်။

မော်လမြိုင်မြို့ခံ ကျောင်းသားကျောင်းသူတွေ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ဒေသခံပြည်သူတွေ စုစုပေါင်းအင်အား ၁၀၀၀ နီးပါးဟာ အထွေထွေသပိတ်စစ်ကြောင်းအနေနဲ့ လမ်းလျောက်ချီတက်ကာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး တပ်နဲ့ရဲက အင်အားသုံးဖြိုခွင်းရုံမက လမုတန်းဈေးအနီးတစ်ဝိုက်ကို ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

နောက်ဆုံး စုံစမ်းသိရှိရတာကတော့ ကျောင်းသား ကျောင်းသူ အယောက်၂၀ ‌ခန့်ဖမ်းဆီးခံရပြီး နှစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

ဓါတ်ပုံ-မော်လမြိုင် အသံ
#voiceofmyanmar #VOM #မော်လမြိုင်

Related posts

Leave a Comment

VOM News

FREE
VIEW