သင်္ကန်းကျွန်းမှာ ကာကွယ်ရေးလူငယ်တွေကို ဝင်ရောက်ဖမ်းဆီးရာက ပစ်ခတ်မှုဖြစ်

မတ် ၂၅-၂၀၂၁
MWT

ဒီနေ့ မတ် ၂၅ရက် မနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘုရင့်နောင်ရပ်ကွက်မှာ ကာကွယ်ရေးလူငယ်တွေကို ဝင်ရောက်ဖမ်ဆီးရာက ပစ်ခတ်မှုဖြစ်ပွါးခဲ့တယ်လို့ အဲ့ဒီရပ်ကွက်နေပြည်သူတွေကနေ သိရပါတယ်။

ဒီနေ့မနက် ၁၀:၃၀ လောက်မှာ စစ်သားနဲ့ရဲတွေအနေနဲ့ ဘုရင့်နောင်ရပ်ကွက်မှာရှိတဲ့ သောကြာပတ် ဆွမ်းလောင်းဓမ္မာရုံကိုဝင်ရောက်ရှာဖွေခဲ့ပြီး အဲဒီမှာ ဒိုင်း၊ လေးဂွ၊ ဒုတ် စတာတွေကိုသိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် defence အဖွဲ့မှာပါတဲ့သူတွေကို အိမ်တိုင်ရာရောက် လိုက်လံဖမ်းဆီးခဲ့ပြီး အချို့လမ်းတွေအနေနဲ့ အဖမ်းမခံရေးတုန့်ပြန်ခဲ့တာကြောင့် ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့တာလို့သိရပါတယ်။

လက်ရှိမှာတော့ သုဝဏ္ဏ၊ ကမာကြည်လမ်းမကြီး၊ ဘုရင့်နောင်လမ်းမ၊ အောင်ဇေယျလမ်းမ၊ သံသုမာလမ်းမကြီး ဝေဘူလမ်းမှတ်တိုင်ထိပ်၊ လွတ်လပ်ရေးလမ်းမတွေအပေါ်မှာ အင်အားအများအပြားနဲ့ စစ်သားနဲ့ရဲတွေကနေရာယူထားသလိုပစ်ခတ်မှုတွေလုပ်ဆောင်နေပါတယ်။

မနက်ပိုင်းပစ်ခတ်မှုမှာ သေနတ်ဒဏ်ရာရရှိသူနှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရခဲ့ပြီးဖမ်းဆီးခံရသူ အယောက် ၂၀ လောက်ရှိတယ်လို့သိရပါတယ်။

ဓါတ်ပုံ – MHS

#VoiceOfMyanmar #VOM #သင်္ကန်းကျွန်း #ပစ်ခတ် #ဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW