ဖြူးမှာ တက္ကသိုလ်ကျောင်းသားတစ်ဦး တပ်နဲ့ရဲက ပစ်ခတ်ခံရလို့ သေဆုံး

မတ်၂၆-၂၀၂၁
KLY(VOM)

မနေ့ မတ် ၂၅ရက် ည ၈ နာရီလောက်က ပဲခူးတိုင်း ဖြူးမြို့နယ်မှာ ဖမ်းဆီးခံလူငယ်တစ်ဦးကို ပြန်လွတ်ပေးဖို့ ဖြူးမြို့မရဲစခန်းရှေ့ ဝိုင်းဝန်းတောင်းဆိုနေတဲ့ မြို့ခံတွေကို တပ်နဲ့ရဲက ပစ်ခတ်ခဲ့တာကြောင့် တက္ကသိုလ်ဒုတိယနှစ်ကျောင်းသားတစ်ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်သားတစ်ဦးကနေ့ အဖမ်းခံရတယ်။ ဒီတော့ဖြူးမြို့မရဲစခန်းကို သွားဝိုင်းတောင်းဆိုကြပါတယ်။ ည ၈ နာရီကျော်လောက်မှာ ဖြူးစခန်းနားတပ်ဆွဲထားတဲ့ တပ်ကလူတွေရောက်လာပြီး ပစ်ကြခတ်ကြတော့ ကလေးတစ်ယောက်ကျည်ထိမှန်သေဆုံးခဲ့တာပါ” လို့ ဖြူးမြို့ခံတစ်ဦးက ပြောပြပါတယ်။

အဲ့ဒီ သေဆုံးသူလူငယ်ဟာ ဖြူးမြို့နယ် ဘူတာမြောက်ပိုင်း လမ်း၂၀ နေ ဒုတိယနှစ်ကျောင်းသား အသက် ၁၉နှစ်အရွယ် မောင်ရန်အောင်ဆိုသူဖြစ်ပြီး တပ်မတော်က အာဏာရယူထိန်းသိမ်းပြီး ဖြူးမှာ ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး ပထမဆုံး လူသေဆုံးမှုဖြစ်တယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ဖြူး #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW