တမူးမြို့နယ်ထဲက ရဲကင်းစခန်း တခုလုံး မီးလောင်ဆုံးရှုံး

မတ် ၂၇ -၂၀၂၁
KTG

မြန်မာ – အိန္ဒိယ ၂ နိုင်ငံနယ်စပ်ရဲ့ ကုန်သွယ်ရေးမြို့တော် ဖြစ်တဲ့ စစ်ကိုင်းတိုင်း တမူးမြို့ ချောင်းနက်ကြီးရွာအနီးမှာရှိတဲ့ ချောင်းနက်ကြီး ရဲကင်းစခန်းဟာ မနေ့ မတ် ၂၆ ရက်ည ၁၀ နာရီ ဝန်းကျင်က စခန်းတခုလုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ တမူးမြို့ခံတွေဆီကနေ ကနဦး သိရှိရပါတယ်။

မီးလောင်ဆုံးရှုံးသွားတဲ့ ရဲကင်းစခန်းဟာ တမူးမြို့နဲ့ ၂ မိုင်ကျော်လောက်ဝေးပြီး မြန်မာ အိန္ဒိယ ၂ နိုင်ငံ နယ်စပ်နဲ့ အလွန်နီးကပ်ပြီး ဒေသဌာနေ တိုင်းရင်းသားလက်နက်ကိုင်တွေ အမြဲလိုလို ဝင်ထွက်သွားလာနေတဲ့ လမ်းကြောင်းပေါ်မှာရှိတယ်လို့ သိရပါတယ်။

တမူးမြို့ပေါ်မှာ မတ် ၂၅ ရက်ညက လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့အတွက် လူငယ် ၂ ယောက် အသက်ဆုံးရှုံးရပြီး ၇ ယောက်မှာလည် ကျည်ဆံထိမှန် ဒဏ်ရာတွေရခဲ့လို့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာ (Inphal) မြို့က ဆေးရုံတစ်ခုမှာ တက်ရောက်ဆေးကုသခံနေရပါတယ်။

#VoiceOfMyanmar #VOM #ချောင်းနက်ကြီး #ရဲကင်းစခန်း #မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW