ထားဝယ်မှာ ဆိုင်ကယ်စီးသူတဦး အကြောင်းမဲ့ ပစ်ခတ်ခံရလို့ သေဆုံး

မတ် ၂၇-၂၀၂၁
STY

ဒီနေ့ မတ် ၂၇ ရက် မနက်ပိုင်းက ထားဝယ်မြို့မှာ ဆိုင်ကယ်စီးနှင်းနေသူတဦးကို စစ်တပ်နဲ့ရဲက အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ရင်ညွန့်ကျည်ထိမှန်သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

အဲ့ဒီသေဆုံးသူဟာ ထားဝယ်မြို့ ကျွန်းမွှေးရပ်မှာနေတဲ့ ဦးကျော်ဌေးဆိုသူဖြစ်ပြီး မြို့သစ် ၁ လမ်းမှာ ဆိုင်ကယ်နဲ့ သွားလာနေစဉ် ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ထားဝယ် အထက ၃ ရှေ့မှာလည်း ဒီနေ့ မနက်ပိုင်းကပဲ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၃ ဦးကို စစ်တပ်က အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ်ပေါ်ပါတဲ့ တဦး ကျည်ထိမှန်ခဲ့ပါတယ်။

အဲ့ဒီ ဒဏ်ရာရသူကို စစ်တပ်က ကားနဲ့ သယ်ယူသွားပြီး ခုချိန်မှာတော့ သတိပြန်လည်လာပြီလို့ သိရပါတယ်။

စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ ၂၈ ရက်ကနေ ဒီနေ့အထိ ထားဝယ်မြို့မှာ သေဆုံးသူ ၇ ဦးရှိပြီ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ထားဝယ် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW