မန္တလေးက အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်မှန်လို့ သေဆုံး

မန္တလေး၊ မတ် ၂၇- ၂၀၂၁
ရှိုင်းအောင်(VOM)

မန္တလေးမြို့ တမ္ပဝတီရပ်ကွက်ရုံး မီးလောင်နေချိန် သွား ရောက်ကူညီ ငြိမ်းသတ်ခဲ့တဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကို စစ်တပ်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ရင်ဘ တ်ကို ကျည်ထိမှန်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ အသက် ၂၅ နှစ်အရွယ် ကိုသီဟကျော် က တော့ တမ္ပဝတီအရန်မီးသတ်တပ်ဖွဲ့က တပ်ကြပ်တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

တမ္ပဝတီရပ်ကွက်ရုံးကတော့ နေလည် ၁၂ နာရီဝန်းကျင်က မီးလောင်ခဲ့တာဖြစ်ပြီး အရပ်သားတစ်ဦးရဲ့ ခြေ ထောက်ကိုလည်း ကျည်ဆံထိမှန်ခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမှာ ဆန္ဒပြလို့ သေဆုံးသူနဲ့ ဖမ်းဆီးခံရသူဦးရေ မအများအပြားရှိတယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #Mandalay #အရန်မီးသတ် #မီးလောင် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW