ဒိုက်ဦးမှာ မတ် ၂၇ရက်နေ့က ကျည်ထိမှန် သေဆုံးခဲ့သူနှစ်ဦးရဲ့ ဈာပနအခမ်းအနား ကျင်းပ

မတ် ၂၉-၂၀၂၁
KLY(VOM)

ပဲခူး‌တိုင်း၊ ဒိုက်‌ဦးမြို့နယ်မှာ တော်လှန်ရေးနေ့က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲကပစ်ခတ်ဖြိုခွဲရာမှာ အသက်သေဆုံးခဲ့ရသူနှစ်ဦးရဲ့ ဈာပနအခမ်းနားကို ဒီနေ့ မတ် ၂၉ရက် မွန်းတည့် ၁၂ နာရီနဲ့ ၁ နာရီ တွေမှာ နှစ်ကြိမ်ခွဲကျင်းပခဲ့တယ်လို့ သိရှိရပါတယ်။

လိုက်ပို့တဲ့ လူအုပ်စုက သောင်းဂဏန်းနီးပါးရှိတယ်။မနေ့က ဘုရားကြီး ဖြစ်စဉ်ကြည့်ပြီး စိုးရိမ်နေတာ အခုတော့မြေချပြီးသွားပြီ” လို့ နာရေးအခမ်းနား တက်ရောက်နေသူ တစ်ဦးက ပြောပြပါတယ်။

ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့တဲ့ ဒိုက်ဦးမြို့နယ်အမှတ် ၄ ရပ်ကွက်နေ ကိုနန်းဝင်း(၃၁နှစ်)ရဲ့ ဈာပနကိုဒီနေ့ မွန်းတည့် ၁၂ နာရီနဲ့ အမှတ် ၆ ရပ်ကွက်နေ ကိုဖိုးလုံး(၃၃ နှစ်)ရဲ့ ဈာပနကိုမွန်းလွဲ ၁ နာရီက ဒိုက်ဦးသုဿန်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မတ်လ၂၇ ရက်နေ့မနက်က ဒိုက်ဦးမြို့နယ် လေးကျွန်းလမ်းဆုံမှာ ရောက်နေတဲ့ သပိတ်စစ်ကြောင်းတွေကို တပ်နဲ့ရဲက အသံဗုံးတွေနဲ့စပစ်ပြီးနောက် ကျည်အစစ်တွေနဲ့ ထပ်မံပစ်ခတ်ခဲ့တာဖြစ်ပြီး နှစ်ဦးကျည်ထိမှန် သေဆုံးကာ ၁၄ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ဒိုက်ဦး #နာရေးအခမ်းအနား

Related posts

Leave a Comment

VOM News

FREE
VIEW