မတ် ၂၇ ရက်နေ့က မတ္တရာမြို့မှာ ဆန္ဒပြသူ (၆)ဦးသေဆုံးခဲ့

မတ်-၂၉-၂၀၂၁
Voice Of Myanmar

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့မှာ မတ်လ၂၇ရက်နေ့က လုံခြုံရေးရဲတပ်ဖွဲ့နဲ့စစ်တပ်က ကျည်ဆံအစစ်တွေသုံးပြီးပစ်ခတ် ဖြိုခွဲခဲ့တာကြောင့် အသက် (၁၇)နှစ်အရွယ် လူငယ်တဦးအပါအဝင် လူ(၆)ဦးသေဆုံးခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ် ။

ရဲတပ်ဖွဲ့နဲ့စစ်တပ်ရဲပစ်ခဲ့မှုကြောင့် မတ္တရာမြို့အမှတ်(၄)ရပ်ကွက်က အသက်(၁၇)နှစ် ကိုစိုးမြတ်မင်းဟာ ဘယ်ဘက်ရင်အုံကို ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ် ။ ၊ ကံဖြူကျေးရွာက ကိုမျိုးနိုင်ဝင်း(ခ) ကြက်မျိုး(၃၀)နှစ် ဟာ ညာဘက်ရင်ညွှန်ကျည်ဆံထိမှန်သေဆုံး နှင့်ကိုအောင်နိုင်စိုး (၄၀)နှစ်ဟာ မေးရိုးကိုကျည်ဆံထိမှန် သေဆုံးခဲ့ပါတယ် ။

မတ္တရာမြို့နယ် အောက်တောင်ကိုင်းကျေးရွာက ကိုနိုင်ဇော် (၃၂)နှစ် တင်းပါးကို ကျည်ဆံထိမှန်သေဆုံးခဲ့ရသလို ၊ မတ္တရာမြို့နာ် လမိုင်းအုပ်စု ကြပ်ပြင်ရွာက ကိုသီဟဇော်(၃၁)နှစ်ဟာ လည်ပင်းကို ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ပါတယ် ။ အလားတူ မတ္တရာမြို့နယ်တောင်ကန်အုပ်စု ကင်းရွာက ကိုအောင်ခိုင်(၃၈)နှစ်ဟာ ဆီးခုံကို ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ပါတယ် ။

မတ်လ၂၇ရက်နေ့ လူထု ဆန္ဒပြတွေကို ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွဲမှုကြောင့် လူ(၆)ဦးထက်မနည်းသေဆုံးခဲ့ရပြီးဒဏ်ရာရသူ (၂၀)ဦးနဲ့ ဒဏ်ရာနဲ့ လက်ထိပ်ခတ် ဖမ်းဆီးခံရသူ (၆)ဦးအပြင် အခြားဖမ်းဆီးခံရသူ (၈၀)ဦးခန့် ရှိတယ်လို့လည်း မြို့ခံတွေက ပြောပါတယ် ။

လက်ရှိအချိန်မှာ မတ္တရာမြို့ နဲ့ စကျင်ကျေးရွာကို ညမထွက်ရ ဝမ်းဖိုးဖိုးအမိန့်ထုတ်ထားပြီး ၊မတ္တရာမြို့အဝင်အထွက်တွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က လက်ကိုင်ဖုန်းတွေကို စစ်ဆေးတာအပါအဝင် လုံခြုံရေးတင်းကြပ်မှုတွေ လုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ် ။

#voiceofmyanmar #VOM #မတ္တရာ

Related posts

Leave a Comment

VOM News

FREE
VIEW