မုံရွာ ပစ်ခတ်မှုမှာ ဒဏ်ရာရသူ ၂ ဒါဇင်ကျော်နဲ့ သေဆုံးသူ ၅ ဦးအထိရှိလာ

မတ် ၂၉-၂၀၂၁
KTG (VOM)

စစ်ကိုင်းတိုင်း မုံရွာမြို့ ရတနာပုံရပ်ကွက် အမှတ် ၅ လမ်း နဲ့ သာစည်လမ်းအနီး မနေ့ မတ် ၂၈ရက် မနက်ပိုင်းကစလို့ ညနေခင်းအထိ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီ ပစ်ခတ်မှုတွေကြောင့် ကျည်ဆံထိမှန်ပြီး လူ ၅ ဦး သေဆုံးကာ ဒဏ်ရာရသူ ၂ ဒါဇင်နီးပါးရှိတယ်လို့ ဆေးကုသရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

မတ် ၂၉ ဒီမနက် ၉ အချိန်ထိ နောက်ဆုံးရရှိတဲ့ သေဆုံးစာရင်းတွေအရ သူနာပြု/ သားဖွား သင်တန်းကျောင်းက ဒုတိယနှစ် ကျောင်းသူ မသဉ္ဇာဟိန်း အသက် (၁၉) နှစ်၊ မုံရွာ တက္ကသိုလ် ဒုတိယနှစ် ကျောင်းသား ကိုအောင်ဆန်းဦး (ခ) ကိုငယ်လေး အသက် (၁၉) နှစ်၊ မုံရွာ ခရိုင် NLD ပါတီ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး လူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံ ကိုမိုးစက်အောင် (ခ) မှေးကြီး၊ ကိုမင်းသူထွန်း အသက် (၂၄)နှစ်၊ ကိုကာဗျား အသက် (၁၆) နှစ် ဆိုသူ ၅ ယောက်တို့ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်ကြောင့် ဝမ်းဗိုက် ကျည်ဆံထိမှန်သူ ၊ ပေါင် ကျည်ဆံထိမှန်သူ ၊လက် ကျည်ဆံထိမှန်သူနဲ့ နောက်ကျောပျင် ကျည်ဆံထိမှန်သူ စတဲ့ ကျည်ဆံထိမှန် ဒဏ်ရာရသူ ၁ ဒါဇင်နီးပါးဟာလည်း ဆေးကုသမှုခံယူနေရပြီး အဲ့ဒီ လူနာတွေထဲက အသက်အန္တရာယ် စိုးရိမ်ရသူ ဟာလည်း ၃ဦးထက်မနည်း ရှိနေတယ်လို့ ကျန်းမာရေး ကူညီစောင့်ရှောက်ပေးသူတွေက မှတ်ချက်ပြုပြောပါတယ်။

အဲ့ဒါကြောင့် မျှော်မှန်းမထားပေမယ့် သေဆုံးသူ အရေအတွက်ဟာလည် လက်ရှိ အရေအတွက်ထက် တိုးမြင့်လာနိုင်ဖွယ်ရာ ရှိနေတာဖြစ်ပါတယ်။

မနေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ရတနာပုံရပ်ကွက်ဟာ မတ် ၂၇ နေ့ခင်းပိုင်းကလည်း ပစ်ခတ်ခဲ့လို့ လူ ၂ ဦး သေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

#VoiceOfMyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW