ပဲခူးမှာ တပ်နဲ့ရဲက ပစ်ခတ်ခေါ်ဆောင်သွားသူနှစ်ဦးထဲက ကျောင်းသားတစ်ဦး သေဆုံး

မတ် ၃၀-၂၀၂၁
KLY(VOM)

ပဲခူးမြို့မှာ မနေ့ မတ် ၂၉ရက် မနက် ၁၁ နာရီခန့်က ဗဟိုစည်၊အမှတ် ၇ လမ်းမှာ ဆိုင်ကယ်စီးလာချိန် ပစ်ခတ်ခံခဲ့ရပြီး ဘုန်းတော်ကြီးကျောင်းထဲခေါ်ဆောင်ခံခဲ့ရသူ နှစ်ဦးအနက် ပဲခူးတက္ကသိုလ်ကျောင်းသားတစ်ဦးဟာ ညနေပိုင်းမှာ သေဆုံးခဲ့ရတယ်လို့ ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

” ကောင်လေးနှစ်ယောက် ဆိုင်ကယ်စီးလာတုန်း ပစ်ခတ်ခံရတာပါ။ နှစ်ဦးလုံးကို အနီးက ဘုန်းကြီးကျောင်းထဲ ဆွဲခေါ်သွားပြီး ညနေပိုင်းကျ တစ်ဦးသေဆုံးပြီးဆိုပြီးအကြောင်းကြားတယ်။ တစ်ဦးကိုလည်း တပ်ဆေးရုံမှာကုသနေရတယ်” လို့ ပဲခူးမြို့ခံတစ်ဦးကပြောပါတယ်။

အဝေးသင်တက္ကသိုလ်ပဲခူးဌာနခွဲမှ ဒုတိယနှစ် မောင်ရှိုင်းသီဟန်လင်း(၂၀ နှစ်)နဲ့‌ မောင်ကျော်ကိုသိန်း(၂၀ နှစ်)တို့ နှစ်ဦးဟာ ဆိုင်ကယ်နဲ့ ဗဟိုစည်အမှတ် ၇ လမ်းထဲသို့မောင်းလာချိန် သေနတ်နဲ့ပစ်ခတ်ခံရတာဖြစ်ပြီး ညနေ ၃ နာရီခန့်မှာ မောင်ရှိုင်းသီဟန်လင်း သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW