ကျောက်ကြီး ရဲကင်းစခန်းစီးနင်းခံရပြီး လက်နက်ခဲယမ်းတချို့ ပျောက်ဆုံးနေ

မတ် ၃၁ -၂၀၂၁
KTG(VOM)

ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီး ရဲကင်းစခန်းကို မတ် ၃၁ ဒီမနက် ၃ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်းခံရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အဲ့ဒီ စီးနင်းတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ပိုင် လက်နက်တိုက်ထဲက လက်နက် ခဲယမ်းတချို့ ပျောက်ဆုံးနေပြီး အမျိုးအစားနဲ့ အရေအတွက်ကိုတော့ စီစစ်နေဆဲဖြစ်တယ်လို့ ရဲကင်းစခန်းနဲ့ နီးစပ်သူတွေက VOM ကိုပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ရဲကင်းစခန်းကို ဘယ်အဖွဲ့က ဝင်ရောက်စီးနင်းတယ်ဆိုတာ ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့် အဲ့ဒီ ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ မကြာခဏ ဝင်ထွက်သွားလာနေတဲ့ နယ်မြေတွေနဲ့ ထိစပ်နီးလျက်ရှိတယ်လို့ ကနဦး သိရပါတယ်။

#VoiceOfMyanmar #VOM #ကျောက်ကြီးရဲကင်းစခန်း #တိုက်ခိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW