မန္တလေး၊ မတ်- ၁၃- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ စိန်ပန်းရပ်ကွက် ၄၁ လမ်း၊ လ မ်း ၉၀ ဒေါင့်မှာ ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်က ဖြိုခွင်းခဲ့တာကြောင့် လူ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဦးခေါင်းကို ကျည်ဆံထိမှန်ခဲ့တဲ့ အမျိုးသမီးကတော့ မန္တလေးမြို့ အရှေ့မိုဃ်းကောင်း ဓမ္မာရုံ ရဲ့တောင်ဘက် အကွက်နံပါတ် ၄၁၇ မှာနေထိုင်သူ အသက် ၅၃ နှစ်အရွယ် ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သေဆုံးသူ အမျိုးသမီးရဲ့ ရုပ်အလောင်းကို နေအိမ်မှာ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ သေဆုံးသာ အမျိုးသားတစ်ဦးကတော့ ကိုစောပြည့်နိုင် အသက် ၂၁ နှစ် ၄၁ လမ်း စံပြရပ်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ ဆန္ဒပြသူတွေကို ဖြိုခွဲလို့ ဦးခေါင်းကျည် ထိမှန်ကာ သေ…
Read MoreMonth: March 2021
ညောင်ဦးမှာ ရပ်ကွက်ထဲအထိ စစ်တပ်နဲ့ရဲက ဝင်ရောက်ပစ်ခတ်ပြီး လူနှစ်ဦးကိုရိုက်နှက်
မတ် ၁၃-၂၀၂၁ TG(VOM) မနေ့ မတ်လ ၁၂ရက်နေ့ ည ၉ နာရီကျော်လောက်က ညောင်ဦးမြို့နယ်၊ သီရိမင်္ဂလာရပ်ကွက်ကို စစ်တပ်နဲ့ရဲက ဝင်ရောက်ပစ်ခတ်မှုတွေလုပ်ခဲ့တဲ့အပြင် ရပ်ကွက်နေထိုင်သူ ၂ ဦးကိုလည်း ထိခိုက်ဒဏ်ရာရတဲ့အထိ ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “လောက်လေးခွတွေနဲ့လည်းပစ်တယ်။ တစ်ရပ်ကွက်လုံးမီးရှို့ပစ်မယ်လို့လည်းပြောတယ်။သေနတ်တွေနဲ့လည်းပစ်တယ်။ လူတွေကိုလည်းရိုက်တယ်။ ငါလိုးမသားတွေထွက်ခဲ့လို့လည်းဆဲတယ်။ စစ်တိုက်နေတဲ့ကောင်တွေကွ သတ်ရဲတယ် သေရဲတယ်လို့ ပြောပြီး စိန်ခေါ်တယ်”လို့ ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောပြပါတယ်။ ညောင်ဦးက ရပ်ကွက်နေပြည်သူတွေ ညသပိတ် ဆင်နွှဲပြီးနောက်မှာ စစ်တပ်နဲ့ရဲက ရပ်ကွက်အတွင်း ခုလိုဝင်ရောက်ရိုက်နှက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ခုလို ရပ်ကွက်ထဲအထိ ဝင်ရောက်ပြီး ရပ်ကွက် နေထိုင်သူတွေကို ရိုက်နှက်တာ၊ သေနတ်ပစ်ဖောက်ခြိမ်းခြောက်တဲ့ စစ်သားနဲ့ ရဲတပ်ဖွဲကို ညောင်ဦးသီရိမင်္ဂလာရပ်ကွက်နေ ပြည်သူတွေက လောက်လေးနဲ့ဝိုင်းပစ်ခဲ့ကြသလို သံပုန်းတီးဆန္ဒပြတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ရိုက်နှက်ခံခဲ့ရသူတွေရဲ့ အခြေအနေကတော့ စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။ #VoiceOfMyanmar…
Read Moreလှိုင် NLDအမတ်ကို လာဖမ်းရာက စစ်တပ်ကပစ်လို့ တဦးသေပြီး နှစ်ဦးဒဏ်ရာရ
ရန်ကုန်၊ မတ် ၁၃-၂၀၂၁ အေးချမ်းသူ(VOM) မနေ့ မတ်လ ၁၂ရက်နေ့ ည ၁၂ နာရီလောက်က လှိုင်မြို့နယ် ၁၆ရပ်ကွက်နေ လှိုင် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးကို စစ်တပ်က လာရောက်ဖမ်းဆီးရာကနေ ရပ်ကွက်အတွင်း ပစ်ခတ်မှုကြောင့် တဦးသေပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ မာလာမြိုင် ၄ လမ်းမှာ နေသူတစ်ဦးက “ည ၁၂ နာရီလောက်မှာ စစ်တပ်က အလုံးအရင်းနဲ့ ရပ်ကွက်ထဲဝင်လာတယ်။ ဒေါ်ခိုင်မာဌေးအိမ်ကို ဖျက်ပြီးဝင်တယ်၊ လူမရှိဘူး။ ရပ်ကွက်က လူသုံးဦး စစ်တပ်ကပစ်လို့ ဒဏ်ရာရသွားတယ်”လို့ VOM ကို ပြောပါတယ်။ ရပ်ကွက်ထဲဝင်လာတဲ့ စစ်တပ်ကို မာလာမြိုင် ၁လမ်းကနေ ၈လမ်းအတွင်း နေထိုင်သူတွေက သံပုံးတီးမောင်းထုတ်ရာ စစ်တပ်က အသံဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေအပြင် ကျည်အစစ်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ဦးခေါင်းထိမှန်သူ၊ ပေါင်ထိသူ၊ ခြေထောက်ထိသူသုံးဦးရှိခဲ့ပြီး ဦးခေါင်းကျည်ထိတဲ့…
Read Moreအကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့ ရခိုင်ဒေသခံ ၅ဦးကို ပြန်လွှတ်ပေးဖို့ မိသားစုတောင်းဆို
မတ် ၁၂- ၂၀၂၁ ထက်အောင်စိုင်း (VOM) တပ်မတော် စစ်ရေယာဥ်ပေါ်မှာ ဖမ်းဆီးရိုက်နှက်ခံရပြီး တရားစွဲဆိုခံထားရတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသား (၅) ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သူတို့ရဲ့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။ ဖမ်းဆီးခံ ကျောက်ဆိပ်ကျေးရွာသားတွေဟာ အေအေတပ်ဖွဲ့ဝင်တွေမဟုတ်ကြောင်းနဲ့ အကြမ်းဖက်သမားတွေမဟုတ်ကြောင်း ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ရုံးထုတ်မှာ ဗိုလ်မှူးတစ်ဦးက ပြောခဲ့တဲ့အတွက် အခုလိုတောင်းဆိုရတာလို့ ကိုညီညီအောင်ရဲ့ မိခင်ဖြစ်သူ ဒေါ်နီနီအေးက ပြောပါတယ်။ တရားစွဲဆိုခံထားရသူ ကိုညီညီအောင်ရဲ့မိခင် ဒေါ်နီနီးအေးက” မတ်လ ၅ ရက်နေ့က ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းက ဗိုလ်မှူး တရားရုံးမှာ လာရောက်စစ်ဆေးခံလာပါတယ်။ သူက ကျောက်ဆိပ်က ညီညီအောင်တို့လွှတ်တယ်ဆိုတာ သူတို့တင်ပြခဲ့ပါတယ်။ ကျမအနေနဲ့ ကိုယ့်သားကို (၁) မိနစ်လည်း ထောင်ထဲမှာ မထားချင်ဘူး။ သူတို့မှာ အပြစ်မရှိပါဘူး။ ကျေးဇူးပြုပြီးလွှတ်ပေးပါ” လို့…
Read Moreတောင်ကြီးမြို့မှာ လူမဲ့သပိတ် ပြုလုပ်
မတ် ၁၃-၂၀၂၁ နေနန်းနွယ် VOM #VoiceOfMyanmar #VOM #တောင်ကြီး #လူမဲ့သပိတ်
Read Moreသာကေတမှာ ရဲက ကျည်အစစ်နဲ့ပစ်လို့ လူ၂ဦး သေဆုံး
မတ် ၁၃-၂၀၂၁ မျက်ပြေ(VOM) မနေ့ မတ်လ ၁၂ရက်နေ့ညပိုင်းက သာကေတ သုမနလမ်း ညဘက်သပိတ်မှာ အိမ်အတွင်းထိ ဝင်ရောက်ဖမ်းဆီးခံရတဲ့ လူငယ်(၃)ဦးကို ပြန်လွှတ်ပေးဖို့ ရဲစခန်းမှာ သွားရောက်တောင်းဆိုကြရာ ရဲက ကျည်အစစ်တွေသုံးပြီး လူစုခွဲခဲ့တဲ့အတွက် ပြည်သူ၂ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ သေဆုံးသူနှစ်ဦးဟာ မျက်နှာကျည်မှန်ထိမှန်သူ ကိုစည်သူ အသက် ၃၇ နှစ်၊ အမှတ် ၉၂၂ မာန် ၃လမ်း အရှေ့ ၂တောင်နေသူနဲ့ ကိုအောင်အောင်ဇော် အသက် ၄၁ နှစ်၊ အမှတ် ၈၉၈၊ မာန် ၃လမ်းအနောက် ၂တောင်နေသူတို့ ဖြစ်ပါတယ်။ မနေ့ညက သာကေတမှာ လူသုံးယောက်သေတယ်လို့ သတင်းတွေထွက်ခဲ့ပြီး အလောင်းတလောင်းကို ရဲက ယူဆောင်သွားတယ်ဆိုကြပေမယ့် VOM အနေနဲ့ အတည်ပြုလို့ မရသေးပါဘူး။ #VoiceOfMyanmar #VOM #သာကေတ #သေဆုံး #ကျည်အစစ်နဲ့ပစ်
Read Moreအင်းတော်မြို့နယ် သဲချောင်းရွာအနီး မီးရထားသံလမ်းတံတား ဖောက်ခွဲဖျက်စီးခံရ
ကသာ၊ မတ် ၁၃-၂၀၂၁ စပ်ခွန်သာ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ သဲချောင်းရွာအနီးမှာရှိတဲ့ သဲချောင်းမီးရထားသံလမ်းတံတားဟာ မနေ့ မတ်လ ၁၂ ရက်နေ့ ည (၁၁)နာရီနဲ့ (၁၂)နာရီကြားမှာ ဖောက်ခွဲဖျက်စီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ ဖောက်ခွဲမှုနဲ့ ပတ်သတ်ပြီး ဒေသခံတစ်ဦးက “မီးရထားသံလမ်းပါ၊ သဲချောင်းဆိုတဲ့ ရွာနားကတံတားကုန်းပါ။ အင်းတော်မြို့နယ် နဲ့ ဝန်းသိုမြို့နယ် ရောက်ခါးနီး သံလမ်းတံတားပေါ့။ ညတုန်းက (၁၁)နာရီကျော်လောက်မှာ ဖြစ်သွားတာ။ သဲချောင်းဆိုတဲ့ ရွာနဲ့ နီးတယ်။ လူထိခိုက်တာတော့ မရှိပါဘူး။ ရထားတွေ CDMစလှုပ်ရှားတဲ့ထဲက ရထားမလာဘူးပေါ့။ လောလောဆယ်တော့ အသုံးပြုလို့မရတော့ဘူး” လို့ ပြောပါတယ်။ သဲချောင်းမီးရထားသံလမ်း ပေါက်ကွဲမှုကြောင့် သဲချောင်းရွာထဲက နေအိမ်အချို့ မြေတုန်ခါတာကို ခံစားကြရပြီး ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။ #VoiceOfMyanmar #VOM #အင်းတော်မြို့နယ် #သဲချောင်းရွာ #မီးရထားသံလမ်းတံတား…
Read Moreပြည်မြို့က သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွဲခံရပြီး ဒဏ်ရာရသူတွေရှိနေ
မတ် ၁၃-၂၀၂၁ VOM ဒီနေ့ မတ်လ ၁၃ ရက်နေ့ ဖုန်းမော်နေ့မှာ ပြုလုပ်တဲ့ ပြည်မြို့က လူထုသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲမှုတွေ လုပ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူ ၂ ဦးထက်မနည်းရှိနေတယ်လို့ သိရပါတယ်။ “ကိုးသောင်းဘက်မှာက ပေါင်ကို ရာဘာကျည်တင်၊ ကျည်အစစ်ဗိုက်ထိတယ်၊ မြို့သစ် ၁၃ လမ်းမှာလည်းထိတယ်ပြောတယ်၊ ထိခိုက်မိသူအခြေအနေတွေတော့မသိရသေးဘူး။ဆေးကုဖို့တော့ခေါ်သွားတယ်”လို့ ဆန္ဒပြ ပါဝင်သူတစ်ဦးကပြောပါတယ်။ ပြည်မြို့ ကိုးသောင်းကျောင်းနားက ရွှေတချောင်းလမ်းမပေါ်က ဆန္ဒပြလူထုကိုပစ်ခတ်ဖြိုခွဲမှုမှာ ဗိုက်ကိုကျည်ထိသူ၊ ခြေထာက်ကိုထိသူတွေရှိထားပြီး၊ မြို့သစ်ဘက်က ပစ်ခတ်ဖြိုခွဲခံရမှုမှာလည်း ဒဏ်ရာရသူ တွေရှိနေတယ်လို့ သိရပါတယ်။ ဗိုက်ကျည်ထိခဲ့သူကို ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ရက်တွေမှာလည်း ပြည်မြို့မှာ ပစ်ခတ်ဖြိုခွဲမှုတွေရှိခဲ့ပြီး ရာဘာကျည်ထိမှန်ဒဏ်ရာရသူတွေရှိသလို ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပါတယ်။ #VoiceOfMyanmar #VOM #ပစ်ခတ်ဖြိုခွဲ #ဒဏ်ရာရ
Read Moreမြောက်ဒဂုံမှာ ခေါင်းကျည်ထိမှန်သေဆုံးခဲ့တဲ့ ကိုချစ်မင်းသူရဲ့ ဈာပန
မတ် ၁၃-၂၀၂၁ MHS မတ်လ ၁၁ရက်နေ့ ရန်ကုန်၊ မြောက်ဒဂုံဆန္ဒပြပွဲအတွင်း ဦးခေါင်းသေနတ်ပစ်ခံရလို့ သေဆုံးခဲ့တဲ့ ကိုချစ်မင်းသူရဲ့ စျာပနာကို ရေဝေးသုဿန်မှာ ဒီနေ့ မတ်လ ၁၃ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ကိုချစ်မင်းသူဟာ ကွယ်လွန်ချိန်မှာ အသက် ၂၄နှစ်သာ ရှိပါသေးတယ်။ #VoiceOfMyanmar #VOM #မြောက်ဒဂုံ #ဆန္ဒပြပွဲ #ကိုချစ်မင်းသူ #စျာပနာ
Read Moreမန္တလေးက အထွေထွေသပိတ်စစ်ကြောင်း ထိုင်သပိတ်အပြီးမှာ ဖြိုခွဲခံရ
မန္တလေး၊ မတ်- ၁၃- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ ၄၁ လမ်း ၉၀ A လမ်း စိန်ပန်းရပ်ကွက်အတွင်းမှာ ပြုလုပ်တဲ့ အထွေထွေသပိတ်စစ်ကြောင်းကို ထိုင်သပိတ်ပြုလုပ်အပြီးမှာ စစ်တပ်က လာရောက်ဖြိုခွဲနေပါတယ်။ လက်ရှိအချိန်ထိ ဒဏ်ရာ ရသူတချို့ ရှိတယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #Mandalay #အထွေထွေသပိတ်စစ်ကြောင်း #မန္တလေး #စစ်တပ် #ဖြိုခွဲခံရ #ဆန္ဒပြ #စိန်ပန်း #ထိုင်သပိတ်
Read More