ရန်ကုန်၊ မတ် ၁၀-၂၀၂၁ ACT(VOM) မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံရှေ့မှာ ဒီနေ့ မတ်လ ၁၀ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ဆန္ဒပြပွဲကို စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရာဘာကျည်တို့အပြင် ကျည်အစစ်တွေပါသုံးပြီး ဖြိုခွင်းခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများပြီး လူတစ်ရာကျော်ဖမ်းဆီးခံရကြောင်း သပိတ်ဦးဆောင်သူကနေ သိရပါတယ်။ “လတ်တလော ဒဏ်ရာရရှိသူတွေဆိုရင် ဗိုက်ကိုထိတဲ့သူတစ်ယောက်ရယ် ပေါင်ကိုထိတဲ့သူရယ် အခြားထိတဲ့သူတွေလည်း ရှိသေးတယ်။ စာရင်းအတိအကျရဖို့မလွယ်သေးဘူး” လို့ အဲ့ဒီသပိတ်ကို ဦးဆောင်သူတဦးက ပြောပါတယ်။ “ကန်သာယာပန်းခြံထဲမှာ မနက်ကတည်းကဖမ်းတာ ၆၀ ကျော်ရယ် စိန်ဂေဟာဝန်းထဲမှာလည်း ထပ်မိတယ် စုစုပေါင်း တစ်ရာကျော်ရှိတယ်”လို့ ဆက်ပြောပါတယ်။ နောက်ထပ် သတင်းရင်းမြစ်တခုကတော့ ဒီနေ့ မနက်ပိုင်းက လူ၄၀၀ကျော် ဖမ်းဆီးခံထားရတာဖြစ်ပြီး အချုပ်ကားနှစ်စီးနဲ့ ပို့ပြီးချိန် ကျန်နေတဲ့ ဖမ်းခံရသူတွေကို ဆန္ဒပြသူတွေက ဝင်လုတဲ့အတွက် ဖမ်းဆီးခံရသူ ၂၀၀နီးပါး ပြန်လွတ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ…
Read MoreMonth: March 2021
လွိုင်ကော် ဆန္ဒပြစစ်ကြောင်း ဖြိုခွဲခံရလို့ လူအချို့ဒဏ်ရာရပြီး ဆိုင်ကယ်နဲ့ကား ၃၀ ကျော်ပျက်စီး
မတ် ၁၀-၂၀၂၁ KLY(VOM) ကယားပြည်နယ် လွိုင်ကော်မြို့ တောင်ကွဲစေတီအောက်ဘက် သပိတ်စစ်ကြောင်းကို ဒီနေ့မတ်လ ၁၀ရက်နေ့ မနက် ၁၁ နာရီလောက်က တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် လူ ၃ဦး ထိခိုက်ဒဏ်ရာရသလို ဆိုင်ကယ်နဲ့ကား ၃၀ နီးပါးလည်း ပျက်စီးသွားတယ်လို့ သပိတ်ဦးဆောင်သူတွေဆီက သိရပါတယ်။ “နာနတ်တောဘက်က စစ်ကြောင်းကို ဖြိုခွဲအပြီးမှာ ကျွန်တော်တို့စစ်ကြောင်း ဖြိုခွဲခံရတယ်။ မျက်ရည်ယိုဗုံးနဲ့ သေနတ်တွေပစ်ခတ်သလို တုတ်တွေနဲ့ ရိုက်နှက်ဖြိုခွဲတယ်။ ကားအစီးရေ လေးငါးစီးနဲ့ ဆိုင်ကယ်အစီးနှစ်ဆယ်ကျော် ဖျက်ဆီးသွားပြီး ဆိုင်ကယ်တွေ ကားပေါ်တင်မသွားတယ်” လို့ သပိတ်ဦးဆောင်သူတစ်ဦးက ပြောပါတယ်။ ဒီနေ့မနက် ၉ နာရီလောက်က ကယားပြည်နယ် လွိုင်ကော်သပိတ် ဦးဆောင်ကော်မတီနှစ်ခု ပူးပေါင်းပြီး တောင်ကွဲစေတီအောက်ဘက် မြောက်ဘက်စစ်ကြောင်းနဲ့ နာနတ်တောတောင်ဘက်စစ်ကြောင်းနှစ်ခု သီးခြားခွဲထွက်ခဲ့တာဖြစ်ပြီး လက်ရှိ စစ်ကြောင်းနှစ်ခုပေါင်းလူအင်အား ၃၀၀၀ ကျော်ခန့်ရှိကာ သပိတ်စစ်ကြောင်းနှစ်ခုစလုံး တပြိုင်တည်းနီးပါး ဖြိုခွဲခံခဲ့ရတာ ဖြစ်ပါတယ်။…
Read Moreမန္တလေးမြို့ သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ
မန္တလေး၊ မတ်- ၁၀-၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့က သံဃသမဂ္ဂ သပိတ်စစ်ကြောင်းဟာ ဒီကနေ့ နေ့လည်ပိုင်းက လမ်းလျှောက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #သံဃသမဂ္ဂ #ဆန္ဒပြ #မန္တလေး
Read Moreထားဝယ် သပိတ်ကော်မတီဝင်တစ်ဦး ဖမ်းဆီးခံရ
မတ် ၁၀-၂၀၂၁ WP ထားဝယ်ခရိုင် သပိတ်ကော်မတီမှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုမင်းခန့်(ခ)ကိုကျော်ထွေး ဒီနေ့ မတ်လ ၁၀ရက်နေ့ မနက် ၁၀နာရီလောက်က ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ကိုကျော်ထွေးဟာ ဝဲကျွန်း ၄ လမ်းထိပ် ကားဝပ်ရှော့ခ်မှာ ကားလာပြင်နေစဉ် အရပ်ဝတ်နဲ့လူတွေက VIGO ကားအနက်ရောင်နဲ့ ရုတ်တရက်ရောက်လာပြီး ထိုးကြိတ်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ထားဝယ် #သပိတ်ကော်မတီဝင် #ကိုမင်းခန့်_ခ_ကိုကျော်ထွေး #ဖမ်းဆီးခံရ
Read Moreမြင်းခြံ သပိတ်ဖြိုခွဲခံရပြီး အမျိုးသား ၂ ဦးကျည်ထိမှန် ဒဏ်ရာရ
မတ် ၁၀-၂၀၂၁ TG(VOM) မြင်းခြံမြို့နယ်မှာ ဒီနေ့ မတ်လ ၁၀ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ဆန္ဒပြလူထုသပိတ်ကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် ကျည်ထိမှန် ဒဏ်ရာရသူ ၂ ဦးရှိခဲ့တယ်လို့ သိရပါတယ်။ မျက်လုံးထိမှန်သူ KBZ ဘဏ်ဝန်ထမ်းကိုထူးထူး ကိုတော့ မန်းလေးမှာဆေးကုသဖို့ပို့ဆောင်နေတယ်လို့ သိရပါတယ်။ နောက်ထပ်ဒဏ်ရာရသူတဦးကတော့ အသက် ၄၅နှစ်အရွယ်ရှိတဲ့ ကိုမြင့်ထွန်းဆိုသူ ဖြစ်ပါတယ်။ “မနက် ၁၀ နာရီလောက်မှာ စပစ်တာပဲ။ မျက်လုံးတယောက်ထိမှန်တယ်။ ပေါင် တယောက်ထိတယ်၊ မျက်လုံးထိတဲ့ကလေးကို မန္တလေးသို့ လွဲပြောင်းရတယ်လို့ သိရတယ်။ အခြေအနေ မသိသေးဘူး။ ထိသူတွေကအမျိုးသားတွေချည်းပါ “လို့ မြင်းခြံဒေသခံ ဆန္ဒပြပြည်သူတစ်ဦးက ပြောပါတယ်။ မြင်းခြံဒေသခံလူထုဟာ မြို့ထဲလမ်းမကြီးတွေအစား ရပ်ကွက်တွေထဲမှာပဲ ဆန္ဒပြဖို့လုပ်ဆောင်နေမှုကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့ကလည်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက…
Read Moreမန္တလေးမြို့က သပိတ်စစ်ကြောင်းတစ်ခုကို မျက်ရည်ယိုဗုံးပစ်ပြီး လူစုခွဲခဲ့
မတ် ၁၀ -၂၀၂၁ HK မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲမှာ ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ထိုင်သပ်ိတ်စစ်ကြောင်းတစ်ခုကို ရဲနဲ့ စစ်တပ်က မျက်ရည်ယိုဗုံးပစ်ပြီး လူစုခွဲခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ လူငယ်တစ်ဦးပြောပြချက်အရ သိရပါတယ်။ အဲ့ဒီလို လူစုခွဲပြီးနောက်ပိုင်း အနီးနားပတ်၀န်းကျင်က လမ်းပိတ်ဆို့ထားတာတွေကိုလည်း ရဲနဲ့စစ်တပ်က လိုက်လံရှင်းလင်းတာတွေ ပြုလုပ်ခဲ့တဲ့အပြင် ရှင်းလင်းမှုပြုလုပ်နေတဲ့ လမ်းပေါ်မှာလည်း အဖြူရောင်ကားတစ်စီးနဲ့ လူတစ်စုကို ဖမ်းဆီးသွားတယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေး
Read Moreပုသိမ်မှာ ရဲနဲ့စစ်တပ်ကပစ်ခတ်မှုကြောင့် အနည်းဆုံး ၃ဦး ဒဏ်ရာရ
မတ် ၁၀-၂၀၂၁ KA ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ စကားဝါလမ်းမကြီးမှာ ဒီနေ့ မတ်လ ၁၀ရက်နေ့ မနက်ပိုင်းက ဆန္ဒပြသူတွေကို ရဲနဲ့စစ်တပ်က မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့လို့ အနည်းဆုံး ၃ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ဧရာ၀တီကရင်လူငယ် သပိတ်စစ်ကြောင်းနဲ့ ပုသိမ်တက္ကသိုလ်ကျောင်းသားလူငယ်တွေဟာ ဆန္ဒပြဖို့လူစုနေစဥ်မှာပဲ ပစ်ခတ်ဖြိုခွဲခံခဲ့ရတာပါ။ လက်ရှိမှာ စကားဝါလမ်း၊ ဥမ္မာဒန္တီရပ်ကွက်နဲ့ ရာမညရပ်ကွက်တွေမှာ ရဲနဲ့စစ်သားအင်အားများစွာ ချထားတာကို တွေ့ရပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ် #ပစ်ခတ် #ဒဏ်ရာရ #မျက်ရည်ယိုဗုံး #ရာဘာကျည်
Read Moreမြောက်ဥက္ကလာ ကန်သာယာသပိတ်ကို ဖြိုခွဲပြီး လူနှစ်ဆယ်ကျော်ဖမ်းဆီး
ရန်ကုန်၊ မတ် ၁၀-၂၀၂၁ အေးချမ်းသူ(VOM) မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပန်းခြံရှေ့မှာ ဒီနေ့ မတ်လ ၁၀ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ဆန္ဒပြပွဲကို စစ်တပ်နှင့်ရဲက မျက်ရည်ယိုဗုံး၊ အသံဗုံးတွေအသုံးပြု ဖြိုခွင်းပြီး လူနှစ်ဆယ်ကျော်ဖမ်းဆီးထားကြောင်း ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးကနေ သိရပါတယ်။ “အခုကလေးတွေကို ကန်သာယာပန်းခြံထဲမှာ ဒူးထောက်ခိုင်းပြီး ပါးတွေနားတွေရိုက်နေတယ် နှစ်ဆယ်ကျော်တယ် ဖမ်းမိသွားတာ” လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးရသူအများစုဟာ ကျောင်းသားလူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့ကလည်း မြောက်ဥက္ကလာပမြို့နယ်သပိတ်ကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့လို့ လူအသေအပျောက်အများအပြား ရှိခဲ့ပါတယ်။ #VoiceOfMyanmar #VOM #မြောက်ဥက္ကလာ #ကန်သာယာသပိတ် #ဖမ်းဆီး #ဖြိုခွဲ
Read Moreဆန္ဒပြ လူစုလူဝေးကို ဖြိုခွဲဖို့လာတဲ့ အချုပ်ကား ပျက်နေလို့ ဆန္ဒပြ လူတွေက ဝိုင်းတွန်းပေးရ
မတ် ၁၀ ၊ ၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း ကောလင်းမြို့မှာ မတ်လ ၁၀ ရက် ဒီမနက်ပိုင်းက ဆန္ဒပြ လူစုလူဝေးကို ဖြိုခွဲဖို့ လာတဲ့ လုံခြုံရေးယာဥ်တန်းက အချုပ်ကားဟာ လမ်းခုလတ်မှာ စက်နှိုးမရပဲ ပျက်နေတဲ့ အတွက် ဆန္ဒပြ လူတွေက ဝိုင်းဝန်းတွန်းပေးရတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဓာတ်ပုံ ကောလင်း တုတ်ကြီး #voiceofmyanmar #VOM #ကောလင်း
Read Moreရွှေတူးဖော်ခွင့် ၈ နှစ်ကြာပိတ်ထားတဲ့နေရာမှာ တရားမဝင်ရွှေတူးဖော်မှုတွေ ပြန်လုပ်နေ
မတ် ၁၀-၂၀၂၁ TG(VOM) စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့မှာ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ရွှေတူးဖော်ခွင့် ၈ နှစ်နီးပါးပိတ်ထားတဲ့နေရာမှာ တရားမဝင်ရွှေတူးဖော်မှုတွေကို ပြန်လည်လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီလို ရွှေတူးဖော်နေမှုကြောင့် သဖန်းဆိပ်ရေလှောင်တမံကြီးကို ကျိုးပေါက်တဲ့အထိ အန္တရာယ်ဖြစ်စေနိုင်တဲ့အပြင် တန့်ဆည်နယ်ရွှေဘိုနယ်ကို ရေပေးဝေနေတဲ့ ကင်းတပ်ဆည်ကြီးလည်း ကောသွားနိုင်တဲ့အထိ ဆိုးကျိုးတွေ ဖြစ်စေနိုင်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။ “ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် ကျိူးပေါက်သည်ထိ အန္တရာယ်ဖြစ်စေနိုင်တဲ့ ရွှေတူးဖော်ခြင်းလုပ်ငန်း လုပ်ဆောင်နေတယ်။ အခုလုပ်နေတာ အရင်အစိုးရ(ဦးသိန်းစိန်အစိုးရ)ကပိတ်ထားတာကို ပြိးခဲ့တဲ့လ ၁၀ရက်နေ့လောက်က စတာ။ သဖန်းဆိပ်ဆည်နဲ့ ကင်းတပ်ဆည်ကြား၊ ရွာဟောင်းဘယ်သူမှမနေဘူး။ အုပ်ချုပ်ရေးလုပ်သူတွေကလည်း ဘယ်သူမှ တားမြစ်တာလည်းမရှိဘူး “လို့ ကျွန်းလှမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံပြည်သူတွေအပေါ် ဆိုးကျိုးဖြစ်ပေါ်လာစေနိုင်တဲ့ အဲ့ဒီ တရားမဝင်ရွှေတူးဖော်မှုကို ဆက်မလုပ်ဖို့ ကျွန်းလှမြို့နယ်ဒေသခံတွေက ဆန္ဒရှိနေကြတယ်လို့လည်း သိရပါတယ်။ #VoiceOfMyanmar #VOM #တရားမဝင်ရွှေတူးဖော် #ကျွန်းလှမြို့ #သဖန်းဆိပ်ရေလှောင်တမံ
Read More