ကျောက်မြောင်း သီတာလမ်းနဲ့ သြဘာလမ်းသပိတ်ကို ပစ်ခတ်ဖြိုခွင်းပြီး ဆန္ဒပြသူတစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

မတ် ၈-၂၀၂၁ MHS #VoiceOfMyanmar #VOM #ကျောက်မြောင်း #သပိတ် #ပစ်ခတ်ဖြိုခွင်း #ဖမ်းဆီး

Read More

ရုံးလုပ်ငန်းနဲ့ ပတ်သက်ပြီး စကားများရာက မြို့နယ်မီးသတ်ဦးစီး အရာရှိ အချင်းချင်း လူသတ်မှုဖြစ်

မတ် ၈ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း ယင်းမာပင်မြို့ ၊(ဂ)ရပ်ကွက်၊ မြို့နယ်မီးသတ်စခန်းဝန်းအတွင်းမှာ ဒီကနေ့ မတ် ၈ ရက် မနက် ၇ နာရီ ၊မိနစ် ၄၀ အချိန်က မြို့နယ် ဦးစီးအရာရှိ အချင်းချင်း လုပ်ငန်းကိစ္စ စကားပြောရာကနေ ခိုက်ရန်ဖြစ်ပွားပြီး ဓားနဲ့ထိုးလို့ မြို့နယ်ဦးစီးအရာရှိ တစ်ယောက်သေဆုံးသွားတယ်လို့ သိရပါတယ်။ ယင်းမာပင် မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတစ်ယောက်ပြောပြတာက.” သေဆုံးသူ ဦးစီး အရာရှိက ဆားလင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနက ဌာနမှူး ဦးအောင်ဇေမိုး ဖြစ်တယ် ၊ ညာဘက် ဝမ်းဗိုက်နေရာမှာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်တယ် “လို့ ပြောပါတယ်။ ဒါ့အပြင် ယင်းမာပင်မြို့နယ် မီးသတ်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မီးသတ်ဝန်ထမ်းတစ်ယောက်ကလည်း ” ဆားလင်းကြီးမြို့နယ် မီးသတ် ဦးစီးဌာန ၊ ဌာနမှူး…

Read More

ဖျာပုံသပိတ် ဖြိုခွင်းမှု ၁ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရ

မတ်လ ၈-၂၀၂၁ KA ဒီနေ့ မတ်လ ၈ရက်နေ့ နေ့လယ်က ဖျာပုံမြို့ သပိတ်စစ်ကြောင်းကိုဖြိုခွဲမှုမှာ ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ဖို့ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့လို့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ဖျာပုံမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ အောင်သပြေ(၄) လမ်းနေ မောင်သီဟဦး ဟာ ပစ်ခတ်မှုဖြစ်စဉ်မှာ ဝမ်းဗိုက်ကိုထိမှန်ပြီး သေဆုံးခဲ့တာပါ။ ဒီနေ့ ဖျာပုံသပိတ်စစ်ကြောင်းကို ဖြိုခွဲမှုမှာ ဖမ်းဆီးခံရသူတစ်ရာကျော်နဲ့ လက်ရှိအချိန်ထိ သေဆုံးသူတစ်ဦး၊ ထိခိုက်ဒဏ်ရာရသူ ၆ ဦးရှိခဲ့ပါတယ်။ #VoiceOfMyanmar #VOM #ဖျာပုံ #သပိတ် #ဖြိုခွင်း #သေဆုံး #ဒဏ်ရာရ

Read More

လားရှိုးမြို့မှာ နိုင်ငံတကာ အမျိုးသမီးများနေ့ ကမ်ပိန်းပြုလုပ်သူတွေနဲ့ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရ

မတ် ၈၊ ၂၀၂၁ Shayi Violin(VOM) လားရှိုးမြို့မှာ နိုင်ငံတကာ အမျိုးသမီးများနေ့ အထူးအစီအစဉ်အနေနဲ့ “စစ်အာဏာရှင်ချုပ်ငြိမ်းရန် အမျိုးသမီးထုအားရဲ့ စိန်ခေါ်သံ” စာသားပါ ကမ်ပိန်းလုပ်ရင်း ဆန္ဒ ထုတ်ဖော်နေတဲ့ အမျိုးသမီးတွေနဲ့ ဆန္ဒပြသပိတ်စစ်ကြောင်းကို ဒီနေ့ မတ်လ ၈ ရက်နေ့ မနက်ပိုင်းက ဖြိုခွင်းခံခဲ့ရပါတယ်။ နေရာနှစ်နေရာ ဖြိုခွင်းခံရပြီး ဆန္ဒပြသူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ပြည်သူတွေဟာ နှစ်ကြိမ်တိုင် ဖြိုခွဲခံရပေမယ့် လူပြန်စုပြီး ဆက်လက် ဆန္ဒပြကာ ၁၁ နာရီဝန်းကျင်မှာ လူစုပြန်ခွဲခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #နိုင်ငံတကာအမျိုးသမီးများနေ့ #ကမ်ပိန်း #သပိတ်စစ်ကြောင်း #ဖြိုခွင်း

Read More

မန္တလေးမြို့ သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

မန္တလေး၊ မတ်- ၈-၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့က သံဃသမဂ္ဂ သပိတ်စစ် ကြောင်းဟာ ဒီကနေ့ နေ့လည် ၁ နာရီဝန်းကျင်ခန့်က “စစ်အာဏာရှင် အလိုမရှိ” ကြောင်း လမ်းလျှောက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #သံဃသမဂ္ဂ #ဆန္ဒပြ #မန္တလေး

Read More

မြစ်ကြီးနားဆန္ဒပြပွဲ ပစ်ခတ်ဖြိုခွဲခံရပြီး အနည်းဆုံး နှစ်ဦးသေဆုံး

မတ် ၈-၂၀၂၁ VOM ဒီနေ့ မတ်လ ၈ရက်နေ့ နေ့လယ်ပိုင်း မြစ်ကြီးနားမြို့က ဆန္ဒပြပွဲကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွင်းခဲ့လို့ အနည်းဆုံး နှစ်ဦးခေါင်းကိုကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲနားက ဆောက်လက်စ အထပ်မြင့်တိုက်တခုပေါ်မှာ စနိုက်ပါနဲ့နေရာယူထားသူကိုတွေ့ရပြီး သေဆုံးသူတွေဟာ စနိုက်ပါနဲ့ ပစ်ခတ်ခံရတာဆိုတဲ့ ပြောဆိုမှုတွေရှိနေပါတယ်။ ဒဏ်ရာရသူတွေထဲက တဦးကတော့ ဗိုက်ကို သေနတ်မှန်ထားလို့ စိုးရိမ်ရပါတယ်။ #VoiceOfMyanmar #VOM #မြစ်ကြီးနား #ဆန္ဒပြပွဲ #ပစ်ခတ် #ဖြိုခွဲ #သေဆုံး

Read More

ပြည်မြို့ သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ဖြိုခွဲပြီး ဆန္ဒပြသူတွေကို အိမ်တွေထဲထိလိုက်ဖမ်း

မတ် ၈-၂၀၂၁ VOM ဒီနေ့ မတ်လ ၈ရက်နေ့ မနက်ပိုင်းက ပြည်မြို့မှာ ပြုလုပ်တဲ့ သပိတ်စစ်ကြောင်းတွေကို စစ်တပ်နဲ့ရဲက ဖြိုခွဲခဲ့ပြီး လူ ၂၀ ကျော် ဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။ “ဖမ်းခံရတာ နှစ်ဆယ်ကျော်တယ်၊ အိမ်ထဲဝင်ဆွဲတာက ၆ယောက်၊ ဈေးသူဈေးသားတွေ ကူပြောပေးတာတောင်မရဘူး။ ဆိုင်ကယ်နဲ့တိုက်မိလို့ လဲတာကိုလည်းဝင်ဖမ်းတာရှိတယ်။ ဆိုင်ကယ် ၁၅ စီးနဲ့ ကား ၁စီးပါသွားတယ်”လို့ ဆန္ဒပြပြည်သူတစ်ဦးက ပြောပါတယ်။ ဆန္ဒပြလူထုဟာ ခြေလျင်သပိတ်စစ်ကြောင်းတွေအသီးသီး ခွဲထွက်ပြီး ဆန္ဒပြခဲ့ပေမယ့် စစ်ကြောင်းအားလုံးကို မနက် ၁၀ နာရီလောက်မှာပဲ စစ်တပ်နဲ့ရဲက စတင်ပစ်ခတ်ကာ ဖြိုခွဲခဲ့တာလို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ရိုက်နှက်ခံထားရသူတွေလည်း ပါဝင်ပြီး အဲ့ဒီသူတွေကို လိုင်းကားတွေနဲ့ ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ပြည်မြို့ #သပိတ်စစ်ကြောင်း #ဖြိုခွဲ #ဖမ်းဆီး

Read More

စစ်ကားနဲ့ ဆိုင်ကယ်တွေကို လိုက်တိုက်ခဲ့တဲ့ မနော်ဟရီ လမ်းမပေါ်မှာ ရပ်ကွက်နေပြည်သူတွေ ဆန္ဒပြ

မန္တလေး၊ မတ် ၈ -၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ မနော်ဟရီလမ်းမကြီးပေါ်မှာ စစ်ကားနဲ့ ဆိုင်ကယ်တွေကို လိုက်တိုက်ခဲ့လို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ ၅၇ လမ်းအနီးမှာ ရပ် ကွက်နေပြည်သူတွေက ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ အဲ့ဒီ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်သုံးဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #Mandalay #စစ်ကား #ယာဉ်တိုက်မှု #ဆန္ဒပြ

Read More

ပေါင်းတည်ဆန္ဒပြပွဲကို ရဲနဲ့စစ်တပ်က သေနတ်ပစ်ဖောက် လူစုခွဲ

မတ် ၈-၂၀၂၁ SN အာဏာရှင်အလိုမရှိကြောင်း ဒီနေ့ မတ်လ ၈ရက်နေ့ မနက်ပိုင်းက ပြောက်ကျား‌ပုံစံနဲ့ ဆန္ဒပြနေတဲ့ ပေါင်းတည်မြို့ သပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က သေနတ်ပစ်ဖောက်လူစုခွဲခဲ့ပါတယ်။ #VoiceOfMyanmar #VOM #ပေါင်းတည် #ဆန္ဒပြပွဲ #သေနတ်ပစ်ဖောက် #လူစုခွဲ

Read More

တရုတ် နိုင်ငံမှာ ပြစ်ဒဏ်ကျပြီးတဲ့ မြန်မာနိုင်ငံသားတွေ လွှဲပြောင်းပေး

မူဆယ်-မတ်လ ၈၊ ၂၀၂၁ Shayi Violin(VOM) တရုတ်နိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြစ်ဒဏ်ကျခဲ့ပြီးတဲ့ မြန်မာနိုင်ငံသားတွေကို မတ်လ ၅ ရက် သောကြာနေ့ မနက်ပိုင်းက မြန်မာ တရုတ် နယ်စပ် အဝင်၊ အထွက် ဂိတ်ပေါက်ဖြစ်တဲ့ နန်းတော်ဂိတ်ပေါက် ကနေလွှဲပြောင်းယူခဲ့ပါတယ်။ ဒီနေ့ မတ်လ ၈ ရက်နေ့ မနက်ပိုင်းမှာ သူတို့ကို နေရပ် ဒေသ အသီးသီးဆီ ပြန်လည်ပို့ဆောင် နေပြီလို့ မူဆယ် တရုတ်ကျောင်း ကွာရန်တင်းစင်တာမှ ထောင်လွှဲ တာဝန်ခံ ဦးမန်းမျိုးမြင့်က ပြောပါတယ်။ အမျိုးသား ၅၄ ဦး၊ အမျိုးသမီး ၅၅ ဦးဖြစ်ပြီး စုစုပေါင်း ၁၀၉ ဦး ဖြစ်ကာ ရှမ်းပြည်နယ်မှ ၃၈ ဦးနှင့် အခြား ပြည်နယ်နှင့်တိုင်းများမှ ၇၁ ဦး ဖြစ်ပါတယ်လို့ ဆိုပါတယ်။…

Read More
VOM News

FREE
VIEW