မတ် ၇-၂၀၂၁ photo-Sai Lwin #VoiceOfMyanmar #VOM #တောင်ကြီးမြို့ #သပိတ် #ဖြိုခွဲ
Read MoreMonth: March 2021
ကသာမြို့မှာ ဓါတ်ရိုက်ဓါတ်ဆင် ယတြာအစီအရင်ပြုလုပ်ပြီးမှ ဆန္ဒဖော်ထုတ်
မတ် ၇-၂၀၂၁ စပ်ခွန်သာ(VOM) ကသာမြို့မှာ ဒီနေ့ မတ်လ(၇)ရက် မနက်ပိုင်းက စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ဆန္ဒဖော်ထုတ်ဖို့ လာကြသူတွေက စုရပ်မှာ “တပေါင်းကူးရင် အကြောင်းထူးစေရမယ်ဟေ့” ဆိုတဲ့ ဓါတ်ရိုက်ဓါတ်ဆင် ယတြာပြုလုပ်ကြပြီးမှ ဆန္ဒဖော်ထုတ်တာကို စတင်ခဲ့ကြပါတယ်။ အစီအရင်အတွက် အပင်တစ်ရာမှာ တစ်ပင်ပေါက်ခဲတဲ့ ငှက်ပျောပင်ကို ရှာဖွေခဲ့ရကာ ငှက်ပျောပင်မှာ “စစ်အာဏာရှင်” လို့ရေးထားပြီး ငှက်ပျောပင်ထိပ်ဖျားက ဓါတ်ပုံတစ်ခုမှာတော့ “အံ တံ ၊တံ အံ”ဆိုတဲ့ စာသားရေးထားပါတယ်။ ငှက်ပျောပင်စည်က ဖောက်ထွက်နေတဲ့ ငှက်ပျောဖူး ငှက်ပျောခိုင်နေရာမှာတော့ “သား များ စစ် ရဲ” ဆိုတဲ့ စာသားရေးထားပြီး သဲထည့်ထားတဲ့ ခြင်းတစ်လုံးထဲမှာ စိုက်ထူထားတာ တွေ့ရပါတယ်။ အစီအရင်လုပ်ရတဲ့ အကြောင်းကို ကသာမြို့ဒေသခံတစ်ဦးက “တပေါင်းလထဲရောက်ရင် ပြည်သူတွေ ကိုယ်စိတ်နှလုံး အေးချမ်းကောင်းမွန်ပါပြီ။တပေါင်းကူးရင် အကြောင်းထူးမယ်ဆိုတဲ့ သဘောတရားပေါ့။ ငါးရက်လောက်ပဲလိုတော့တာပါ။ မြန်မာပြည်သူပြည်သားအားလုံးအတွက် အရေးတော်ပုံကြီးအောင်မြင်ပြီး…
Read Moreဥသျှစ်ပင် တိုက်နယ်ဆေးရုံထဲ စစ်တပ်တပ်စွဲထားလို့ ဒေသခံတွေ ဆန္ဒပြ
မတ် ၇-၂၀၂၁ JC(VOM) ပဲခူးတိုင်းအနောက် ပြည်တဖက်ကမ်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ တိုက်နယ်ဆေးရုံထဲမှာ စစ်တပ်တွေ တပ်စွဲထားလို့ ဒီနေ့ မတ်လ ၇ရက်နေ့မှာ ထောင်နဲ့ချီတဲ့မြို့ခံပြည်သူတွေက အဲ့ဒီဆေးရုံရှေ့မှာ ဆန္ဒပြနေပါတယ်။ ပန်းတောင်းမြို့နယ်ဟာ ခြေလျင်တပ်ရင်းတစ်ရင်း၊ ကပစ ၅ခု၊ ဒုံးတပ်၊ ဝေဟင်ပစ်တပ်၊ ဆေးတပ်၊ ဂျီအီးတပ်၊ ခဲယမ်းတပ်နဲ့ အကြီးစားစက်မှုလုပ်ငန်း စက်ရုံ၄ခုတို့ရှိတဲ့ တပ်မြို့တခုဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ဥသျှစ်ပင် #တိုက်နယ်ဆေးရုံ #စစ်တပ် #တပ်စွဲ #ဆန္ဒပြ
Read Moreကမ္ဘာအမွေအနှစ်စာရင်းဝင် ပုဂံက ဆန္ဒပြပွဲကို ရဲနဲ့စစ်တပ် ကျည်အစစ်သုံးပြီး ဖြိုခွဲ၂ ဦး ဒဏ်ရာရ
မတ် ၇-၂၀၂၁ VOM(TG) ကမ္ဘာအမွေအနှစ် ရှေးဟောင်းဇုန် ပုဂံဒေသမှာ ဒီကနေ့ မတ်လ ၇ ရက်နေ့မနက်ပိုင်း ဆန္ဒပြမယ့် လူထုကို စစ်တပ်နဲ့ရဲက ကျည်အစစ်သုံးပြီး ပစ်ခတ်ဖြိုခွဲမှုတွေလုပ်ခဲ့တဲ့အပြင် လက်ရှိအချိန်ထိ ရပ်ကွက်တွေထဲကို လိုက်လံပစ်ခတ်မှုတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “လက်ရှိကိုပစ်နေတယ်။ ရပ်ကွက်တွေထဲအထိ။ ဒဏ်ရာရသူရှိတယ်။ ပါးထိတဲ့သူ၊လည်ပင်းထိသူလိုသိရတယ်” လို့ ပုဂံဒေသခံတစ်ဦးက ပြောပြပါတယ်။ ဒဏ်ရာရရှိသူဟာ အသက် ၂၀ ကျော် ကိုအောင်ဖြိုးဝင်းနဲ့ ၅၉နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပါတယ်။ မနက် ၉ နာရီခွဲကျော်လောက်မှာ စစ်တပ်နဲ့ရဲက ပုဂံဈေးကြီး အနီးလမ်းကြားကနေ စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျည်အစစ်၊ ရာဘာကျည် အချက် ၂၀ ကျော်ပစ်ဖောက်ကာ ဆန္ဒပြလူထုကို ဖြိုခွဲခဲ့တာဖြစ်ကြောင်း၊ ကျည်အစစ်ထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတချို့ရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖြိုခွဲမှုမှာ ဖမ်းဆီးခံရသူ ၄ ဦးလောက် ရှိတယ်လို့လည်း သိရပါတယ်။ ဓါတ်ပုံ သူရိန်မင်း #VoiceOfMyanmar #VOM…
Read Moreမန္တလေးမှာရှိတဲ့ တက္ကသိုလ်တွေအားလုံးကို စစ်တပ်က ဝင်ရောက်တပ်စွဲထားပါတယ်။
မတ် ၇-၂၀၂၁ #VoiceOfMyanmar #VOM #မန္တလေး #တက္ကသိုလ် #စစ်တပ် #တပ်စွဲ
Read Moreမန္တလေးမှာ စစ်တပ်နဲ့ ရဲက ကျောင်းပေါင်းစုံ ထိုင်သပိတ်ကို ဝင်ရောက်ဖြိုခွဲ
မန္တလေး၊ မတ် ၇ -၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ ၂၂ လမ်းနဲ့ ၈၉ လမ်းမှာ ထိုင်သပိတ်ပြုလုပ်နေတဲ့ ကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွဲခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေ ရှိနေပါတယ်။ #VOM #voiceofmyanmar #မန္တလေး #စစ်တပ် #ဖြိုခွဲ #ဖမ်းဆီး #ရိုက်နှက် #ဆန္ဒပြ
Read Moreမုံရွာ တက္ကသိုလ်ထဲမှာ တပ်စွဲထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်မောင်းထုတ်
မတ် ၇ ၊ ၂၀၂၁ TG (VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ မုံရွာတက္ကသိုလ်ဝန်းထဲက အဆောင်ထဲမှာ ဘယ်အချိန်က ဝင်ရောက်တပ်စွဲထားမှန်း မသိရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဒီနေ့မနက် ၉ နာရီခွဲ အချိန်က လက်မခံနိုင်တဲ့ လူစုလူဝေးက ပြန်လည်မောင်းထုတ်ခဲ့ပါတယ်။ အဲ့ဒီ ရဲတပ်ဖွဲ့ဝင်တွေဟာ သူတို့တပ်စွဲထားတဲ့ အဆောင်ကနေ ပင်မဂိတ်တံခါးမကြီးအထိ ခြေလျင်ထွက်ခွာသွားခဲ့ပြီး ပင်မဂိတ်တံခါးကနေ အကြိုလာမယ့် ရဲကားတွေကို စောင့်ဆိုင်းနေကြပါတယ်။ တက္ကသိုလ် ဝန်ထမ်းတွေနဲ့ ကျောင်းသား ကျောင်းသူတွေက မလိုလားအပ်တဲ့ ပြသနာတွေ မဖြစ်ပေါ်စေရေးအတွက် အဲ့ဒီ ရဲတပ်ဖွဲ့ဝင်တွေကို အကြိုကားလာတဲ့အထိ ဝန်းရံ စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံ KTG #voiceofmyanmar #vom #မုံရွာ
Read Moreပုသိမ်ကြီးနည်းပညာတက္ကသိုလ်အတွင်း စစ်တပ်နေရာဝင်ယူချိန် ဆရာတစ်ချို့ ရိုက်ခံရ
မတ် ၇ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့၊ ပုသိမ်ကြီး နည်းပညာတက္ကသိုလ်ထဲကို စစ်တပ်က နေရာဝင်ယူလို့ ဆရာတချို့ရိုက်ခံရတာရှိသလို ဖမ်းဆီးခံရတာရှိပေမယ့် ရပ်ကွက်က ပြန်ဝိုင်းတဲ့အတွက် မသော်တာမင်းကျော်နဲ့ ပြည်သူတချို့ကို လွှတ်ပေးပြီး စစ်တပ်က ကျောင်းထဲတပ်စွဲမယ့်အနေအထားတွေ့နေရပါတယ်။ #voiceofmyanmar #VOM #မန္တလေး #နည်းပညာတက္ကသိုလ်
Read Moreစစ်တပ်က ကုတင် ၃၀၀ သင်ကြားရေး ဆေးရုံနဲ့ မန္တလေးက တက္ကသိုလ်တွေထဲကို အင်အားသုံးပြီး ဝင်ရောက်စီးနင်း
မန္တလေး၊ မတ်- ၇- ၂၀၂၁ (VOM) မန္တလေးမြို့မှာရှိတဲ့ ကုတင် ၃၀၀ သင်ကြားရေးဆေးရုံနဲ့ မန္တလေး တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် MTU ၊ကွန်ပြူတာ တက္ကသိုလ်၊ အိုးဘို TUM ၊ရတနာပုံတက္ကသိုလ် ထဲကို စစ်တပ်နဲ့ ရဲတွေက အင်အားသုံးပြီး ဒီကနေ့မနက် ၆ နာရီလောက်ကတည်းက ဝင်ရောက်စီးနင်းနေတယ်လို့ သိရပါတယ်။ ကျောင်းတွေထဲမှာလည်း ဖမ်းစီး ရိုက်နှက်တာတွေရှိတယ်လို့ ဖြစ်စဉ်မှာရှိနေတဲ့ သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။ #VOM #voiceofmyanmar #မန္တလေး #စစ်တပ် #ဝင်ရောက်ရှာဖွေ #ကုတင်၃၀၀
Read Moreမန္တလေးမြို့ အမှတ်(၈)မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၄ ဦး CDMပြုလုပ်
မတ် ၆ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈)မြို့မရဲစခန်းမှ ရဲ ဒုတပ်ကြပ်၁ဦးနဲ့ ရဲတပ်သား ၃ ဦးဟာ ဒီကနေ့မနက်ပိုင်းကစပြီး CDMပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေး
Read More