ကလေး-ဂန့်ဂေါလမ်းပိုင်း ငါးဖားရွာအနီး တိုက်ပွဲဖြစ်

ကလေး-ဧပြီ၁-၂၀၂၁
သိမ်မွေ့ကဗျာ

ကလေး-ဂန့်ဂေါလမ်းပိုင်း ငါးဖား(ငဖား)ကျေးရွာအနီး အောင်ချမ်းသာဖက်မှာ ဒီနေ့ ဧပြီ၁ရက် မနက် ‌၈ နာရီက စပြီး စစ်တပ်နဲ့ ပြည်သူ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

စုံစမ်းချက်အရ မွန်းလွဲ၂နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ပြည်သူဖက်က အမျိုးသားတစ်ဦးရဲ့ ခါးကို ကျည်ရှပ်ထိမှန်ခဲ့သလို စစ်တပ်ဖက်ကလည်း အကျအဆုံးနဲ့ ထိခိုက်ဒဏ်ရာရမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၃၁ ရက်ကလည်း စည်သာကျေးရွာအနီးနှင့် ငါးဖားရွာအနီးမှာ နေ့လည် ၁၂ နာရီ၀န်းကျင်မှစတင်ကာ ည ၇ နာရီထိုးပြီးသည်အထိ စစ်တပ်နဲ့ ပြည်သူတို့ တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး ပြည်သူဖက်က တစ်ဦးကျဆုံးခဲ့သလို စစ်တပ်ဖက်ကလည်း ၆ ဦးထက်မနည်း သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကလေး #ငါးဖါးရွာ

Related posts

VOM News

FREE
VIEW