မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ နေအိမ် အလုံး(၈၀)မီးလောင်ဆုံးရှုံး

ဧပြီ ၁ -၂၀၂၁
Voice Of Myanmar

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ နံ့သာရပ်၊ ရတနာပုံတက္ကသိုလ်လမ်းဘေးက နေအိမ်တစ်အိမ်မှာ လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲရာကနေ ၀ါယာရှော့ဖြစ်ပြီး အနီးရှိထရံကိုမီးကူးစက်ကာ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် ၁၀ပေ×၁၅ပေ ကျူးတဲ သွပ်မိုး၊ ထရံကာ ၊ မြေစိုက် (၃၀)လုံး၊ ပေ၂၀×၁၅ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက် (၃၀)လုံး၊ နံကပ် ၁ထပ်နေအိမ် အလုံး(၂၀)၊ မီနီအိုးဝေ (၁)စီး၊ ဆိုင်ကယ်(၃)စီး မီးသတ်သတ်ဦးစီဌာန တွက်ချက်မှုအရ စုစုပေါင်းတန်ဖိုး သိန်းပေါင်း ၂၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကို Level-2အဆင့်သက်မှတ်ကာ မီးငြိမ်းသတ်ယာဥ် အစီး ၃၀၊ ရေသယ်ယာဥ် အစီး ၂၀၊ သံန္ဓေမီးသတ်တပ်ဖွဲ့၀င် ၉၀ဦး၊ အရန်မီးသတ်တပ်ဖွဲ့၀င် ၂၄၀ ဦးနဲ့ မီးငြိမ်းသတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

မီးစတင်လောင်ကျွမ်းတဲ့ နေအိမ်ပိုင်ရှင် အသက် ၄၅နှစ်အရွယ် အမျိုးသားကို ပြည်ကြီးတံခွန်မြို့နယ် အဆင့်မြင့်ရဲစခန်းမှ (ပ -၄၆/၂၀၂၁)၊ ပုဒ်မ-၂၈၅နဲ့ အမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #နေအိမမအလုံး၈၀မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW