နေပြည်တော် ကျောက်မျက်ရတနာရောင်းချပွဲ တိတ်ဆိတ်

နေပြည်တော်-ဧပြီ-၂-၂၀၂၁
ကိုထွန်း(VOM)

၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၁၀ရက်နေ့ထိ မဏိရတနာကျောက်စိမ်းခန်းမတွင်ကျင်းပပြုလုပ်တဲ့ အရောင်းပွဲမှာ ပုလဲအတွဲပေါင်း ၃၁၇ တွဲ၊ ကျောက်စိမ်းအတွဲ ၂၁၄၈ တွဲ၊ ကျောက်မျက်အတွဲ ၁၉၉ တွဲကို မြန်မာကျပ်ငွေနဲ့ အိတ်ဖွင့်တင်ဒါစနစ်သုံးရောင်းချနေတာပါ။

အခါတိုင်းကျောက်မျက်ရတနာရောင်းပွဲဆိုရင် ဟိုတယ်တွေမှာ လူတွေပြည့်သလောက်ရှိသလို
နေပြည်တော်သပြေကုန်းဝန်းကျင်က ရွေခရားလ္ဘက်ရည်ဆိုင်၊ Excellent လ္ဘက်ရည်ဆိုင်၊ရွှေစင်မိုးလ္ဘက်ရည်ဆိုင်တွေမှာ ထိုင်စရာမရှိအောင်စည်းကားခဲ့ပေမယ့် ခုအချိန်မှာ မြို့ခံနဲ့ ဝန်ထမ်းတွေကလွဲလို့ ဧည့်စိမ်းမရှိသလောက် နည်းနေပါတယ်။

မနေ့ကထုတ်လွှင့်တဲ့ MRTV သတင်းမှာလည်း အရင်တုန်းကဘယ်လိုရောင်းချခဲ့တယ်ဆိုတဲ့ ပုံတွေနဲ့ နစကကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုရှင်းပြနေတာတွေ ထည့်သွင်းလွှင့်ခဲ့တာတွေ့ရပါတယ်။

ကျောက်စိမ်းအဓိကပြန်လည်ရောင်းချတဲ့ တရုတ်မြန်မာနယ်စပ် ရွှေလီကျယ်ဂေါင် ကျောက်စိမ်းဈေးကွက်ကလည်း ပိတ်ထားတဲ့အတွက် ပြန်ရောင်းချစရာနေရာမရှိသလို ဘဏ်တွေထဲကငွေတွေ ထုတ်မရတာကြောင့် မသွားဖြစ်ဘူးလို့ မန္တလေးက ကျောက်စိမ်းကုန်သည် တယောက်က ဆိုပါတယ်။

#Voiceofmyanmar #VOM #နေပြည်တော်ကျောက်မျက်ပြပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW