စမ်းချောင်းမြို့နယ် ကျွန်းတောမြောက်ရပ်ကွက်ရုံး မီးလောင်

ဧပြီ ၄ – ၂၀၂၁
MHS(VOM)

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းပေါ်ရှိ ကျွန်းတောမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဒီကနေ့မနက် ၃နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီမီးလောင်းမှုကို မီးငြိမ်းသတ်ယာဥ် ၅ စီးနဲ့ မီးငြိမ်းသတ်ခဲ့ပြီး မနက် ၃နာရီ ၅၀ ဝန်းကျင်လောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။

ညမထွက်ရအမိန့်ထုတ်ထားတဲ့ အချိန်ကာလအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ အချိန်အတွင်းမှာ ရန်ကုန်မြို့လယ်က Ruby Mart နဲ့ တောင်ဥက္ကလာက ဂန္ဓမာဟိုးလ်ဆေး ကုန်တိုက်တို့လည်း မီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW