မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်း

ဧပြီ ၄ – ၂၀၂၁ မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်း ၅၅ရက်မြောက်နေ့အဖြစ် ဒီကနေ့နေ့လယ်ပိုင်းမှာ ပုံမှန်အတိုင်း လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ #voiceofmyanmar #VOM #မန္တလေး

Read More

တာမွေမှာ ဆန္ဒပြသူတွေကို အိမ်တွေပေါ်ထိ တက်ဖမ်းလို့ ၈ဦးဖမ်းဆီးခံရ

ရန်ကုန်၊ဧပြီ ၄-၂၀၂၁ အေးချမ်းသူ(VOM) တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက်မှာ အာဏာရှင်ဆန့်ကျင်ရေး ပါဝင်သူ ၈ဦးကို ဒီနေ့ ဧပြီ ၄ရက် နေ့လယ်ပိုင်းက စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွဆီက သိရပါတယ်။ ဓမ္မစိန္တလမ်းမှာ နေထိုင်သူတစ်ဦးက “အိမ်ပေါ်ထိကို တက်ဖမ်းတာ တစ်ချို့ပြေးတာတွေ့ရင်တောင်မိသွားရင် ရိုက်တာနှက်တာတွေရှိတယ်”လို့ ပြောပါတယ်။ စစ်တပ်က ဒီနေ့ နေ့လယ် ၁၁နာရီခွဲလောက်က စတင်ပြီး ဣစာသယ မလွှကုန်း အပေါ်ပိုင်း အောက်ပိုင်း ကျိုက္ကဆံ ၊ကျားကွက်သစ် ၊သတိပဌာန်လမ်းတွေက အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အိမ်တွေပေါ်ထိ ရှာဖွေဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တာမွေမြို့နယ်မှာ စစ်တပ်က နှစ်ရက်အတွင်း အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်သူ ၁၁ဦးကိုဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်မှာ သတိပဌာန်လမ်းကို စစ်ကားနဲ့ စောင့်ကြည့်ကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ မနေ့ကလည်း ကျောက်တံတားမြို့နယ်မှာ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ပါဝင်ခဲ့သူ၇ ဦးကို စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေဖမ်းဆီးခဲ့ပါသေးတယ်။ #voiceofmyanmar…

Read More

နမ်မချီမှော်မှာ စစ်တပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်

ဧပြီ ၄ -၂၀၂၁ MHS(VOM) အဖိုးတန်ကျောက်စိမ်းထွက်ရှိရာ နေရာတစ်ခုဖြစ်တဲ့ မိုးညှင်းမြို့နယ်၊ နမ်မချီမှော်မှာ ဒီကနေ့မနက်ပိုင်းက စစ်တပ်နဲ့ ကေအိုင်အေ တပ်မဟာ ၈ လက်အောက်က တပ်ရင်းတစ်ခုတို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ်ယာဥ်တန်းတွေကို ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်မှုအပြီးမှာ နမ့်မချီမှော်အတွင်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ “ဒီမနက် အောက်စပေါ့ရွာ ဘုန်းကြီးကျောင်းနားမှာ ပစ်ကြတာ။ အခု မှော်သွားတဲ့လမ်းကို ပိတ်ထားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အဲ့ဒီတိုက်ပွဲဟာ မနက်ပိုင်းကတည်းက ပစ်ခတ်နေကြပြီး ၁၂နာရီကျော်ဝန်းကျင်အထိ ပစ်ခတ်သံတွေရှိနေကာ အထိအခိုက် ကျဆုံးစာရင်းကိုတော့ မသိရသေးပါဘူး။ “ပြီးခဲ့တဲ့ နှစ်ရက်က တိုက်ပွဲတွေငြိမ်သွားလို့ လမ်းတွေ ဖွင့်လိုက်သေးတယ်။ ဒီမနက်ပြန်ဖြစ်လို့ မှော်ထဲသွားမယ့်သူတွေ ပြန်ကွေ့ပြန်လာရတယ်”လို့ မိုးညှင်းမြို့ ကျောက်စိမ်းဝယ်/ရောင်းတစ်ဦးကပြောပါတယ်။ နမ့်မချီမှော်ဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်တိုင်းနယ်စပ် မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာနဲါ ၄မိုင်ခန့်အကွာမှာတည်ရှိပြီး…

Read More

မြတောင် သပိတ်စစ်ကြောင်း

ဧပြီ ၄ – ၂၀၂၁ Photo – ZKK မန္တလေးမြို့မှာ တားဆီးစစ်ဆေးမှုတွေရှိနေပေမယ့် ဒီကနေ့မနက်ပိုင်းမှာ မြတောင်သပိတ်စစ်ကြောင်းကတော့ ပုံမှန်အတိုင်း ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ #voiceofmyanmar #VOM #မန္တလေး #မြတောင်

Read More

စမ်းချောင်းမြို့နယ် ကျွန်းတောမြောက်ရပ်ကွက်ရုံး မီးလောင်

ဧပြီ ၄ – ၂၀၂၁ MHS(VOM) ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းပေါ်ရှိ ကျွန်းတောမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဒီကနေ့မနက် ၃နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီမီးလောင်းမှုကို မီးငြိမ်းသတ်ယာဥ် ၅ စီးနဲ့ မီးငြိမ်းသတ်ခဲ့ပြီး မနက် ၃နာရီ ၅၀ ဝန်းကျင်လောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။ ညမထွက်ရအမိန့်ထုတ်ထားတဲ့ အချိန်ကာလအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ အချိန်အတွင်းမှာ ရန်ကုန်မြို့လယ်က Ruby Mart နဲ့ တောင်ဥက္ကလာက ဂန္ဓမာဟိုးလ်ဆေး ကုန်တိုက်တို့လည်း မီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။ #voiceofmyanmar #VOM #ရန်ကုန်

Read More

ဘုရားကြီးသပိတ်စစ်ကြောင်း ဦးဆောင်ကာ စစ်ကြောင်း ၄ ခုပေါင်းပြီး ဆန္ဒပြ

မန္တလေး၊ ဧပြီ ၄ – ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ တမ္ပဝတီရပ်ကွက်မှာ ဘုရားကြီးစစ်ကြောင်းဦးဆောင်ကာ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ အ-ထ -က အမှတ် (၇) ကျောင်းသူ/သားဟောင်းများအဖွဲ့၊ မန္တလေးမြို့ပေါ် တက္ကသိုလ် ဒီဂရီကောလိပ်များက ဆရာ/မ နဲ့ ကျောင်းသူ/သားများအဖွဲ့တွေအပြင် လူငယ်တွေ စုပေါင်းကာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ တပ်ပေါင်းစုသပိတ်စစ်ကြောင်း မထွက်ခွာမီမှာ မတ်လ ၂၇ ရက်နေ့က တမ္ပဝတီရပ်ကွက် အခြေခံပညာကျောင်း အမှတ်(၃) ရှေ့မှာ စစ်တပ်နဲ့ ရဲတွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အသက် ၁၈ နှစ်အရွယ် ကိုဟိန်းသန့်ရဲ့ ရက်လည်နေ့လည်းဖြစ်တာကြောင့် အလေးပြုခြင်းအခမ်းအနားလည်း ပြုလုပ်ခဲ့ပါတယ်။ #VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #မန္တလေး #ဗကသ

Read More

စစ်ကိုင်းမြို့က အရုဏ်ဦး ဆိုင်ကယ်စီး သပိတ်

ဧပြီ ၄ -၂၀၂၁ PPA(VOM) စစ်ကိုင်းမြို့၊စစ်ကိုင်း -မင်းကွန်းလမ်းမှာ ဒီကနေ့ ဧပြီ ၄ ရက်နေ့ မနက်အစောပိုင်းက အာဏာရှင်ဆန့်ကျင်ရေးအတွက် မြို့နေပြည်သူတွေက အရုဏ်ဦး ဆိုင်ကယ်စီး သပိတ်ကို ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #VOM #စစ်ကိုင်း

Read More

မန္တလေးမှာ အင်ဂျင်နီယာ၊ စီးပွားရေးနဲ့ ကွန်ပြူတာ မိသားစုသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

မန္တလေး၊ ဧပြီ ၄- ၂၀၂၁ သတင်းဓာတ်ပုံ(MEG) မန္တလေးအင်ဂျင်နီယာ၊ စီးပွားရေးနဲ့ ကွန်ပြူတာ မိသားစုအဖွဲ့က ဒီကနေ့မနက်အစောပိုင်းမှာ အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #MEG #Engineering #Economics #Computer

Read More

မန္တလေးမြို့ပေါ်က သပိတ်စစ်ကြောင်း

မန္တလေး၊ ဧပြီ ၄- ၂၀၂၁ ရှိုင်းအောင်(VOM) ဘုရားကြီး သပိတ်စစ်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၊ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ အ-ထ-က (၇) ကျောင်းသူ/သားဟောင်းများအဖွဲ့ တို့ပူးပေါင်းပြီး မန္တလေးမြို့ပေါ်မှာ ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး

Read More
VOM News

FREE
VIEW