ထားဝယ်မှာ သေနတ်ဒဏ်ရာနဲ့ ဖမ်းခံရသူကို ဆေးကုသခွင့်ပေးဖို့ မိသားစုတောင်းဆို

ဧပြီ၂၁-၂၀၂၁
KLY(VOM)

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဒီနေ့ ဧပြီ ၂၁ရက် မနက် ၈ နာရီလောက်က ဆန္ဒဖော်ထုတ်မှုကို စစ်တပ်နဲ့ရဲက ဖြိုခွဲစဉ် ဖမ်းဆီးခံထားရသူတွေထဲက သေနတ်ကျည်ဆန် ထိမှန်ဒဏ်ရာရသူကို ဆေးဝါးကုသခွင့်ပေးဖို့ မိသားစုနဲ့ ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။

“လေးယောက် ဖမ်းဆီးခံထားရပေမယ့်
နှစ်ဦးပဲ အမည်သိရသေးတယ်။ ဒီထဲမှာ
သေနတ်ကျည်ဆန် ထိမှန်ထားတဲ့နည်းပညာတက္ကသိုလ် ကျောင်းသား‌ဟောင်းတစ်ဦး ပါတယ်။ထိခိုက်ဒဏ်ရာရထားသူတွေကို ဆေးကုသခွင့်ပြုဖို့၊မိသားစုနဲ့ တွေ့ခွင့်‌ပေးဖို့ တောင်းဆိုတယ်။ မိသားစုကလည်း ဆေးကုသခွင့် ပေးစေချင်နေတယ်” လို့ ထားဝယ်ဒေသခံ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

ဒီနေ့ မနက်က ထားဝယ်မြို့ကြပ်စာပြင်ရပ်မှာ အင်ဂျင်နီယာကျောင်းသားတွေနဲ့ အခြေခံပညာကျောင်းသားတွေစုပေါင်း ဆန္ဒပြပွဲကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲ ဖမ်းဆီးခဲ့တာဖြစ်ပြီး ထားဝယ် နည်းပညာ တက္ကသိုလ်ကျောင်းသား‌ဟောင်း ကိုနိုင်လင်းထွန်း (ခ)စော ဂျက်ကလင်း၊ ဒဿမတန်းကျောင်းသား အောင်ပြည့်ဖြိုး(၁၆ နှစ်)တို့အပါအဝင် လေးဦးဖမ်းဆီးခံခဲ့ရတဲ့အနက် နိုင်လင်းထွန်း(ခ) ဂျက်ကလင်း သေနတ်ထိမှန် ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

ထားဝယ်မှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ပစ်ခတ်ဖြိုခွဲဖမ်းဆီးတာတွေ အရှိန်မြှင့်တင် လုပ်ဆောင်နေပေမယ့် ကျောင်းသားလူငယ်တွေနဲ့ လူထုက နေ့စဉ် နည်းလမ်းပေါင်းစုံနဲ့ ဆန္ဒဖော်ထုတ်တာတွေ လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုံစာ-သေနတ်ဒဏ်ရာနဲ့ ဖမ်းခံခဲ့ရတဲ့ ကိုနိုင်လင်းထွန်း(ခ)ဂျက်ကလင်းကို တွေ့ရပုံ

#voiceofmyanmar #vom #ထားဝယ် #ကိုနိုင်လင်းထွန်း #ဂျက်ကလင်း

Related posts

Leave a Comment

VOM News

FREE
VIEW