အလောင်းတော်ကဿပတောင်ခြေက ရွာတွေမှာ ရွာသားတချို့ ပျောက်ဆုံးနေ

ဧပြီ ၂၁ ၊ ၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်အကြား အလောင်းတော်ကဿပတောင်ခြေမှာရှိတဲ့ ရွာတွေထဲကို ဧပြီ ၂၀ မနေ့ညပိုင်းကစလို့ ရဲနဲ့စစ်သားတွေ ဝင်ရောက်လာပြီးနောက်ပိုင်း ရွာသားတချို့ ပျောက်ဆုံးနေတယ်လို့ ယင်းမာပင်မြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်ညနေပိုင်းက ကနီမြို့နယ်၊ မုံရွာ ယာကြီး ကလေးဝ ကားလမ်းလယ်ဲရှည် ရွာလမ်းခွဲ ဇရပ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ ၂ ဖက် ပစ်ခတ်မှုနဲ့ ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့က သစ်ရာပင် ၊ ဝင်းကုန်း ၊ သီးကုန်း၊ ကပိုင် စတဲ့ရွာတွေဘက်ကို နယ်မြေရှင်းလင်းရေး လုပ်ဖို့အတွက် ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။ ယင်းမာပင်မြို့နယ်၊ ကပိုင်စံပြကျေးရွာခံတစ်ဦးက ” လုံခြုံရေးတပ်ဖွဲ့တွေက တူမီးသေနတ်နဲ့ ပတ်သက်လို့ ရှာတာတွေရှိတယ်၊ ဝင်းကုန်းရွာက အေးအေးဆေးဆေး အရှာခံတော့ ဘာပြဿနာမတတ်ဘူး…

Read More

မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂသပိတ်ခေါင်းဆောင် ဖမ်းဆီးခံရ

ဧပြီ ၂၁-၂၀၂၁ YAY(VOM) မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂသပိတ်ခေါင်းဆောင် ကိုမျိုးထက်နိုင်လင်းကို ဒီကနေ့မနက်ပိုင်းမှာ စစ်သားနဲ့ ရဲတွေက အိမ်အထိလာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ ကိုမျိုးထက်နိုင်လင်းဟာ အရင်ရက်တွေက ရှောင်တိမ်း‌နေခဲ့ပြီး မနေ့က အိမ်ပြန်အိပ်တဲ့နေ့မှာပဲ သူနေထိုင်တဲ့ ရှမ်းစုတောင်ရပ်ကွက် ကွန်ပျူတာတက္ကသိုလ်ဝန်ထမ်းအိမ်ယာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ကျောင်းသားသမဂ္ဂတွေထဲက အဖမ်းခံရသူတွေ၊ ရှောင်တိမ်းနေသူတွေနဲ့ ပတ်သက်ပြီး ” မြစ်ကြီးနားအခြေစိုက်ကနေပြီး ကိုမျိုးထက်နိုင်လင်းက ပထမဆုံး အဖမ်းခံရသူဖြစ်တယ်။ ပြန်ကြားရေးတာဝန်ခံကိုလည်း လိုက်ဖမ်းနေတယ် ကျနော်တို့လည်း အိမ်မှာ မအိပ်ရတာကြာပြီ ၊ အဖမ်းခံရသူက စစ်ကြောရေးကိုရောက်နေပြီလို့ ကြားတယ် ကျန်တဲ့ဟာတွေတော့ ကျွန်တော်တို့မရသေးဘူး ရှေ့နေတွေနဲ့တော့ ချိတ်ဆက်ဆောင်ရွက်နေပါတယ် ” လို့ မြစ်ကြီးနားက ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်သူ လူငယ်တစ်ဦးက ပြောပါတယ်။ သူကတော့ သမိုင်းအထူးပြု ဒုတိယနှစ် ဂုဏ်ထူးတန်း ကျောင်းသားဖြစ်ပြီး အာဏာသိမ်းမှုကန့်ကွက်တဲ့ မြစ်ကြီးနားမြို့က ဆန္ဒဖော်ထုတ်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ကိုမျိုးထက်နိုင်လင်း အဖမ်းခံရပြီးနောက်ပိုင်း…

Read More

သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့သပိတ်စစ်ကြောင်း

ဧပြီ ၂၁ – ၂၀၂၁ Photo – Chaw Chaw ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်နေပြည်သူတွေက အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ ကျင်းပမယ့် အာဆီယံအစည်းအဝေးမတိုင်မီ လူထုလှုပ်ရှားမှုတစ်ရပ်ကို ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီလှုပ်ရှားမှုမှာ Asean respect our votes! We support NUG and CRPH. စာသားပါ ဆိုင်းဘုတ်တွေနဲ့ Free our leaders စာသားပါဆိုင်းဘုတ်တွေ ကိုင်ဆောင်လှည့်လည်ခဲ့ကြပါတယ်။ #voiceofmyanmar #VOM #သင်္ဃန်းကျွန်း

Read More

မန္တလေးကလူငယ်တွေ Blue Shirt ကမ်ပိန်းပြုလုပ်

ဧပြီ ၂၁-၂၀၂၁ STA အာဏာရှင်စနစ်ကျဆုံးဖို့နဲ့ ဖမ်းဆီးခံခေါင်းဆောင်တွေ၊ ပြည်သူတွေ လွတ်မြောက်ဖို့ ရည်ရွယ်ပြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က လူငယ်တွေဟာ Blue shirt ကမ်ပိန်းကို ဒီနေ့ ဧပြီ ၂၁ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာ၊ နိုင်ငံရေးသမား‌ကြီး ဟံသာဝတီဦးဝင်းတင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ မနက်က အပြာရောင်အဝတ်အစားဝတ်ဆင်ပြီး လူမှုကွန်ယက်စာမျက်နှာမှာ ဆန္ဒဖော်ထုတ်တာတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ #voiceofmyanmar #vom #မန္တလေး

Read More

လွိုင်ကော်မှာ အမျိုးသမီးတွေဦးဆောင်ပြီး အပြာရောင်သပိတ်နဲ့ ဆိုင်ကယ်စီးသပိတ် ပြုလုပ်

ဧပြီလ၂၁-၂၀၂၁ KLY(VOM) ကယားပြည်နယ် လွိုင်ကော်မြို့ ထေးငှားလျားကျေးရွာနဲ့ ဘာဒိုကျေးရွာနေ အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြိီး ဒီနေ့ ဧပြီ ၂၁ရက် မနက် ၈ နာရီ‌လောက်မှာ အာဏာရှင်ဆန့်ကျင်‌ရေး အပြာရောင်သပိတ်နဲ့ ဆိုင်ကယ်သပိတ်တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ “ခု လတ်တလောတော့ လွိုင်ကော်မှာ ပြောက်ကျားနည်းနဲ့ ဆန္ဒဖော်ထုတ်နေကြတယ်။မြို့အလိုက်ဆန္ဒဖော်ထုတ်နေသလို ကျေးရွာအချို့လည်း နိုင်သလောက်လုပ်နေကြတယ်” လို့‌ ဒေသခံ တက်ကြွလှုပ်ရှားသူတဦးက‌ ပြောပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာ၊ နိုင်ငံရေးသမား‌ကြီး ဟံသာဝတီဦးဝင်းတင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ မနက်က လူမှုကွန်ယက်စာမျက်နှာမှာ အပြာရောင်အဝတ်အစားဝတ်ဆင်ပြီး ဆန္ဒဖော်ထုတ်တာတွေ လုပ်နေကြသလို လွိုင်ကော်မှာလည်း ဒေသခံအမျိုးသမီးတွေ ဦးဆောင်တဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး အပြာရောင်သပိတ်နဲ့ ဆိုင်ကယ်စီးသပိတ်ကျင်းပခဲ့တာဖြစ်ပါတယ်။ ဓါတ်ပုံ- PKPF #voiceofmyanmar #vom #အပြာရောင်သပိတ် #လွိုင်ကော် #ဟံသာဝတီဦးဝင်းတင်

Read More

ထားဝယ်မှာ သေနတ်ဒဏ်ရာနဲ့ ဖမ်းခံရသူကို ဆေးကုသခွင့်ပေးဖို့ မိသားစုတောင်းဆို

ဧပြီ၂၁-၂၀၂၁ KLY(VOM) တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဒီနေ့ ဧပြီ ၂၁ရက် မနက် ၈ နာရီလောက်က ဆန္ဒဖော်ထုတ်မှုကို စစ်တပ်နဲ့ရဲက ဖြိုခွဲစဉ် ဖမ်းဆီးခံထားရသူတွေထဲက သေနတ်ကျည်ဆန် ထိမှန်ဒဏ်ရာရသူကို ဆေးဝါးကုသခွင့်ပေးဖို့ မိသားစုနဲ့ ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။ “လေးယောက် ဖမ်းဆီးခံထားရပေမယ့် နှစ်ဦးပဲ အမည်သိရသေးတယ်။ ဒီထဲမှာ သေနတ်ကျည်ဆန် ထိမှန်ထားတဲ့နည်းပညာတက္ကသိုလ် ကျောင်းသား‌ဟောင်းတစ်ဦး ပါတယ်။ထိခိုက်ဒဏ်ရာရထားသူတွေကို ဆေးကုသခွင့်ပြုဖို့၊မိသားစုနဲ့ တွေ့ခွင့်‌ပေးဖို့ တောင်းဆိုတယ်။ မိသားစုကလည်း ဆေးကုသခွင့် ပေးစေချင်နေတယ်” လို့ ထားဝယ်ဒေသခံ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်က ထားဝယ်မြို့ကြပ်စာပြင်ရပ်မှာ အင်ဂျင်နီယာကျောင်းသားတွေနဲ့ အခြေခံပညာကျောင်းသားတွေစုပေါင်း ဆန္ဒပြပွဲကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲ ဖမ်းဆီးခဲ့တာဖြစ်ပြီး ထားဝယ် နည်းပညာ တက္ကသိုလ်ကျောင်းသား‌ဟောင်း ကိုနိုင်လင်းထွန်း (ခ)စော ဂျက်ကလင်း၊ ဒဿမတန်းကျောင်းသား အောင်ပြည့်ဖြိုး(၁၆ နှစ်)တို့အပါအဝင် လေးဦးဖမ်းဆီးခံခဲ့ရတဲ့အနက် နိုင်လင်းထွန်း(ခ)…

Read More

လှိုင်သာယာက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားအရုဏ်ဦးသပိတ်

ရန်ကုန်၊ဧပြီ ၂၁-၂၀၂၁ အေးချမ်းသူ(VOM) ဖမ်းဆီးမှုတွေကြားက ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ဒီနေ့ ဧပြီ ၂၁ရက် မနက်ပိုင်းက လူငယ်တွေဟာ ပျောက်ကြားနည်းနဲ့ အရုဏ်ဦးသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။ လှိုင်သာယာမြို့နယ်ဟာ စစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် သေဆုံးသူတွေနဲ့ ဖမ်းဆီးခံရသူ များခဲ့တဲ့ မြို့နယ်ဖြစ်ပါတယ်။ နစက က ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေး ၆မြို့နယ်ကြေညာခဲ့ရာ လှိုင်သာယာမြို့နယ်လည်း အပါအဝင် ဖြစ်ပါတယ်။ #voiceofmyanmar #vom #လှိုင်သာယာ

Read More

The Voice journal နဲ့ တနင်္သာရီဂျာနယ် အယ်ဒီတာ‌ဟောင်းကို ၅၀၅(က)နဲ့ အမှုဖွင့်

ဧပြီ၂၁-၂၀၂၁ KLY(VOM) The Voice journal နဲ့ တနင်္သာရီဂျာနယ်အယ်ဒီတာ‌ဟောင်း ကိုအောင်မျိုးထက်ကို မနေ့ ဧပြီ ၂၀ ရက် မနက်က အဖော်အမျိုးသားအချို့နဲ့အတူ ကန့်ဘလူမြို့ပေါ်မှာ နစက က ဖမ်းဆီးခဲ့ပြီးနောက် ညနေပိုင်းမှာ ပုဒ်မ ၅၀၅(က)နဲ့အမှုဖွင့်လှစ် လိုက်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ “ကိုကို့ကို ကန့်ဘလူမှာ လက်ဖက်ရည် သွားသောက်ရင်း ဖမ်းဆီးခံရတာပါ။အဖော်အမျိုးသားအချို့အတူဖမ်းဆီးခံရတာဖြစ်ပေမယ့် ကိုကိုတစ်ဦးထဲအမှုဖွင့်ခံရတာပါ။ချုပ်ရီမာန်နှစ်ပတ်ခွါပြီးရုံးချိန်း ခေါ်ထား‌ပေမယ့် ကန့်ဘလူရဲစခန်းမှာပဲ ထားတယ်” လို့ ဖမ်းဆီးခံရသူ ရဲ့မိသားစုဝင်တစ်ဦးက ပြောပါတယ်။ The Voice journal နဲ့ တနင်္သာရီဂျာနယ်အယ်ဒီတာ‌ဟောင်း ကိုအောင်မျိုးထက်ဟာ စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာကို ပြီးခဲ့တဲ့နှစ်လကျော်ကတည်းက ပြန်လည်ရောက်ရှ်ိနေခဲ့တာ ဖြစ်ပြီး လက်ရှိ ISP-Myanmar မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီကျုမှာ လုပ်ကိုင်နေသူဖြစ်တယ်လို့ အဲ့ဒီဌာနနဲ့ သူလုပ်ကိုင်ခဲ့တဲ့ ဂျာနယ်တွေဆီက သိရပါတယ်။ တနင်္သာရီဂျာနယ် တာဝန်ရှိသူတစ်ဦးက “သူက…

Read More
VOM News

FREE
VIEW