လွိုင်ကော်မှာ အမျိုးသမီးတွေဦးဆောင်ပြီး အပြာရောင်သပိတ်နဲ့ ဆိုင်ကယ်စီးသပိတ် ပြုလုပ်

ဧပြီလ၂၁-၂၀၂၁
KLY(VOM)

ကယားပြည်နယ် လွိုင်ကော်မြို့ ထေးငှားလျားကျေးရွာနဲ့ ဘာဒိုကျေးရွာနေ အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြိီး ဒီနေ့ ဧပြီ ၂၁ရက် မနက် ၈ နာရီ‌လောက်မှာ အာဏာရှင်ဆန့်ကျင်‌ရေး အပြာရောင်သပိတ်နဲ့ ဆိုင်ကယ်သပိတ်တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

“ခု လတ်တလောတော့ လွိုင်ကော်မှာ ပြောက်ကျားနည်းနဲ့ ဆန္ဒဖော်ထုတ်နေကြတယ်။မြို့အလိုက်ဆန္ဒဖော်ထုတ်နေသလို ကျေးရွာအချို့လည်း နိုင်သလောက်လုပ်နေကြတယ်” လို့‌ ဒေသခံ တက်ကြွလှုပ်ရှားသူတဦးက‌ ပြောပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာ၊ နိုင်ငံရေးသမား‌ကြီး ဟံသာဝတီဦးဝင်းတင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ မနက်က လူမှုကွန်ယက်စာမျက်နှာမှာ အပြာရောင်အဝတ်အစားဝတ်ဆင်ပြီး ဆန္ဒဖော်ထုတ်တာတွေ လုပ်နေကြသလို လွိုင်ကော်မှာလည်း ဒေသခံအမျိုးသမီးတွေ ဦးဆောင်တဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး အပြာရောင်သပိတ်နဲ့ ဆိုင်ကယ်စီးသပိတ်ကျင်းပခဲ့တာဖြစ်ပါတယ်။

ဓါတ်ပုံ- PKPF

#voiceofmyanmar #vom #အပြာရောင်သပိတ် #လွိုင်ကော် #ဟံသာဝတီဦးဝင်းတင်

Related posts

Leave a Comment

VOM News

FREE
VIEW