ရေဖြူမြို့နယ် ကံပေါက်ဒေသ

ဧပြီ-၂၂-၂၀၂၁

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသ မှာ စစ်အာဏာရှင်ကို( ၇၄ )ရက်မြောက် သပိတ်စစ်ကြောင်းနဲ့ ဒီကနေ့ ဧပြီ ၂၂မနက်က ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူ အင်အား ၁၂၀ လောက်ရှိပြီး ဖမ်းဆီးထိန်းသိမ်း​ခံထားရတဲ့ နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ဆန္ဒထုတ်ဖော်ကြတဲ့ပြည်သူလူထုမတွေက အသစ်ဖွဲ့စည်းလိုက်တဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ N U Gကိုလည်း ထောက်ခံ ကြိုဆိုခဲ့ကြတဲ့ ဆိုင်းဘုတ်တွေကိုင်ထားတာတွေ့ရပါတယ်။

ဇွဲနိုင်/(ရေဖြူ)

#voiceofmyanmar #vom #ရေဖြူ

Related posts

Leave a Comment

VOM News

FREE
VIEW