လွိုင်ကော်မြို့က ကျေးရွာ ၂ရွာပေါင်းပြီး အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ဧပြီ ၂၂-၂၀၂၁
KLY(VOM)

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲက ဘာဒိုကျေးရွာနဲ့ ထေးငှားလျားကျေးရွာ ၂ရွာက ဒေသခံတွေနဲ့ တက်ကြွသူတွေက ဒီကနေ့မနက် ၈ နာရီကျော်ခန့်မှာအာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

” မနေ့က အမျိုးသမီးထုဦးဆောင်ပြီးအပြာရောင်သပိတ် ကျင်းပခဲ့ကြတယ်။ဒီနေ့တော့ ဘာဒိုနဲ့ထေးငှားလျားပြည်သူတွေဟာ သပိတ်ကို အမျိုးသားတွေ ဦးဆောင်ပြီးအမျိုးသားထုသပိတ်အဖြစ် ဆန္ဒပြခဲ့ကြတာပါ”လို့ဒေသခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်အမျိုးသားသပိတ်နဲ့အတူ ဒီးမော့ဆိုမြို့နယ် ၆ မိုင်ကျေးရွာမှာလည်း အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုသပိတ်ကြီးကို ဒီကနေ့မနက်က တစ်ချိန်တည်း အတူတူ ပါဝင်ဆင်နွဲခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုပြည်သူတွေဟာ ဖေဖော်ဝါရီလ၉ ရက်‌နေ့ကတည်းက ဆန္ဒဖော်ထုတ်နေခဲ့ကြတာဖြစ်ပြီး တပ်နဲ့ရဲ ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် လူသေဆုံးမှု၊ ဖမ်းဆီးခံရမှုတွေရှိနေပေမယ့်လည်း အာဏာရှင်စနစ်အလိုမရှိကြောင်း သပိတ်စစ်ကြောင်းတွေကို နာမည်အမျိုးမျိုးတပ်ပြီး ဒေသခံများက ဆန္ဒဖော်ထုတ်နေကြတာလည်း ဖြစ်ပါတယ်။

ဓါတ်ပုံ-PKPF+CJ
#voiceofmyanmar #VOM #လွိုင်ကော်

Related posts

Leave a Comment

VOM News

FREE
VIEW