မန္တလေးမြို့ပေါ်မှာ ဆန္ဒပြနေတဲ့ လူငယ်(၇)ဦး ဖမ်းဆီးခံရ

မန္တလေး၊ ဇူလိုင် ၃၁-၂၀၂၁
VoiceOfMyannar
 
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အရှေ့ကန်ကောက်ရွာသစ်ထဲက နေအိမ်တစ်အိမ်ကို ဒီကနေ့မနက်ပိုင်းက စစ်တပ်နဲ့ရဲတွေ ဝင်ရောက်ဖမ်းဆီးရာ နေ့စဉ်ဆန္ဒပြနေတဲ့လူငယ်(၇)ဦး ဆိုပြီး ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
 
“ဖမ်းမိတာ(၇)ဦးရှိတယ်၊ (၂)ဦးကတော့ ဒဏ်ရာရထားတယ်”လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက ပြောပါတယ်။
 
ကျည်မှန်ဒဏ်ရာရသူ(၂)ဦးထဲက (၁)ဦးဟာ ဆီးခုံပေါက်ထွက်ဒဏ်ရာနဲ့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့လည်း သိရပြီး အခုဖမ်းဆီးခံရသူတွေဟာ မြတောင်၊ ဘုရားကြီးနဲ့ မန္တလေးလူငယ်သပိတ်စစ်ကြောင်းက လူငယ်တွေဖြစ်တယ်လို့လည်း သိရပါတယ်။
 
ဒီကနေ့မနက်အစောပိုင်းကလည်း မန္တလာတက္ကသိုလ်သပိတ်ကို အရပ်ကားနဲ့ဖမ်းဆီးမှုတွေပြုလုပ်ချိန် အမျိုးသား(၁)ဦး ဖမ်းဆီးခံလိုက်ရတယ်လို့လည်း သ်ိရပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင်(၂၉)ရက်နေ့ ညနေပိုင်းကလည်း မန္တလေးမြို့ပေါ်က မြတောင်ဘုန်းကြီးကျောင်းတိုက်အတွင်းကနေ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ လူတချို့ဖမ်းဆီးခံရတယ်ဆိုတာကို န.စ.ကရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
 
Photo-CJ
#voiceofmyanmar #VOM #မန္တလေး

Related posts

VOM News

FREE
VIEW