မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာပြတ်တောက်လို့ အရေးပေါ်အကူညီလိုအပ်နေ

မြေပုံ၊ ဩဂုတ် ၁- ၂၀၂၁
HAS (VOM)
 
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းက မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာပြတ်တောက်သွားတဲ့အတွက် အရေးပေါ်အကူအညီတွေလိုအပ်နေကြောင်း စခန်းတာဝန်ခံနဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
 
အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စု အလယ်ကျွန်းရွာကနေ ကမ်းထောင်းကြီးမြို့ စစ်ဘေးရှောင်စခန်းမှာ ခိုလုံနေတဲ့ မဇင်မာချိုက “ အခုက စားနပ်ရိက္ခာတွေက မလုံလောက်ဘူး။ ဒီမှာ ဖြစ်နေတာက ဆန်ဆိုလည်းမရှိတော့ဘူး။ တော်တော်အခက်အခဲဖြစ်နေပါတယ်။ ကိုဗစ် ရောဂါကြောင့် အပြင်ကိုလည်းမထွက်ရဘူး။ စားရေးသောက်ရေးကတော့ အခက်အခဲလုံးဝကျရောက်နေပါတယ်။ ကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ ” လို့ အခက်အခဲကို ပြောပြပါတယ်။
 
ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းကို ဆန်ရိက္ခာများရောက်မလာတာ တစ်ပတ်လောက်ကြာနေပြီ ဖြစ်တဲ့အတွက် စားနပ်ရိက္ခာပြတ်တောက်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး လက်ရှိမှာ ငါးရှာ၊ ဟင်းခူး စသည်ဖြင့် ရှာဖွေစားသောက်နေရကြောင်း စစ်ဘေးရှာင်စခန်းတာဝန် ဦးဝင်းလှအောင်က ပြောပါတယ်။
 
“ နောက် (၂) ရက်လောက်ဆိုရင်တော့ ဆန်အလှူရှင်ကရှိပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ ဆန်ရိက္ခာက ပြတ်တောက်နေတာပေါ့။ နောက်နှစ်ရက်လောက်ကို မရောက်ခင်ထိတော့ ရိက္ခာက ပြတ်တောက်နေပါတယ်။ လူကယ်ပြန်ကလည်း လစဉ်လတိုင်း ဆန် ရိက္ခာတွေပေးတယ်ဆိုပေမယ့် ဒီတစ်ပတ်အတွင်းမှာတော့ မပေးသေးဘူး။” လို့ စခန်းတာဝန်ခံ ဦးဝင်းလှအောင်က ပြောပါတယ်။
 
ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု (၂၅၅) စုရှိပြီး အဲဒီ အိမ်ထောင်စုတွေအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တစ်လမှာ ဆန်အိတ် (၂၅၅) အိတ် ပေးကြောင်းလည်း သူက ပြောပါတယ်။
 
အဲ့ဒီစစ်ဘေးရှောင်စခန်းမှာ လူဦးရေ (၈၇၁) ယောက်ရှိပြီး အဲဒီထဲမှာ (၅) နှစ်အောက်ကလေး (၁၂၄) ဦးရှိကြောင်းနဲ့ အသက် (၆၀) အထက် သက်ကြီးရွယ်အို (၆၀) ကျော်လောက်ရှိကြောင်း သိရပါတယ်။
 
#voiceofmyanamr #VOM #မြေပုံ

Related posts

Leave a Comment

VOM News

FREE
VIEW