ကမ္ဘောဒီးယားမှာ ကိုဗစ်ကာကွယ်ဖို့ ကာကွယ်ဆေးနှစ်မျိုးစပ် အသုံးပြုနေ

ဖနွမ်းပင်၊ သြဂုတ်-၁-၂၀၂၁ မျိုးဆက် (VOM) ကမ္ဘောဒီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုတွေကိုတိုက်ဖျက်ဖို့ အားထုတ်မှုတစ်ရပ်အနေနဲ့ AstraZeneca ကာကွယ်ဆေးနဲ့ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေကို ပေါင်းစပ်ထိုးနှံမှုတွေ ပြုလုပ်နေပါတယ်။ တရုတ်နိုင်ငံထုတ် Sinopharm သို့မဟုတ် Sinovac ကာကွယ်ဆေးထိုးနှံပြီးသူတွေအနေနဲ့ ဆေးစွမ်းထက်ဖို့နဲ့ ကိုယ်ခံအားကောင်းမွန်ဖို့ AstraZeneca ကာကွယ်ဆေးထိုးနှံပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်ကပြောပါတယ်။ AstraZeneca ကာကွယ်ဆေးထိုးပြီးသူ ကမ္ဘောဒီးယားပြည်သူတွေအနေနဲ့က တရုတ်နိုင်ငံထုတ် Sinopharm သို့မဟုတ် Sinovac ကာကွယ်ဆေးကို ထိုးသင့်တယ်လို့ သူကဆိုပါတယ်။ ကမ္ဘောဒီးယားအနေဖြင့် COVAX အစီအစဉ်မှတစ်ဆင့် AstraZeneca ကာကွယ်ဆေးများကို ပိုမိုဝယ်ယူသွားမည်ဖြစ်ပြီး အမေရိကန်ကမကြာသေးမီက ထောက်ပံ့ပေးထားတဲ့ Johnson & Johnson ကာကွယ်ဆေးတွေကို နိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ ဌာနေတိုင်းရင်းသားတွေကို ထိုးနှံပေးသွားမယ်လို့ သူကဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့အတွက် ထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့ ပြည်နယ်ရှစ်ခုကို ယခုသီတင်းပတ်အတွင်းမှာ လော့ခ်ဒေါင်းချခဲ့ပါတယ်။ Ref: CNA…

Read More

မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာပြတ်တောက်လို့ အရေးပေါ်အကူညီလိုအပ်နေ

မြေပုံ၊ ဩဂုတ် ၁- ၂၀၂၁ HAS (VOM)   ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းက မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာပြတ်တောက်သွားတဲ့အတွက် အရေးပေါ်အကူအညီတွေလိုအပ်နေကြောင်း စခန်းတာဝန်ခံနဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။   အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စု အလယ်ကျွန်းရွာကနေ ကမ်းထောင်းကြီးမြို့ စစ်ဘေးရှောင်စခန်းမှာ ခိုလုံနေတဲ့ မဇင်မာချိုက “ အခုက စားနပ်ရိက္ခာတွေက မလုံလောက်ဘူး။ ဒီမှာ ဖြစ်နေတာက ဆန်ဆိုလည်းမရှိတော့ဘူး။ တော်တော်အခက်အခဲဖြစ်နေပါတယ်။ ကိုဗစ် ရောဂါကြောင့် အပြင်ကိုလည်းမထွက်ရဘူး။ စားရေးသောက်ရေးကတော့ အခက်အခဲလုံးဝကျရောက်နေပါတယ်။ ကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ ” လို့ အခက်အခဲကို ပြောပြပါတယ်။   ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းကို ဆန်ရိက္ခာများရောက်မလာတာ တစ်ပတ်လောက်ကြာနေပြီ ဖြစ်တဲ့အတွက် စားနပ်ရိက္ခာပြတ်တောက်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး လက်ရှိမှာ ငါးရှာ၊ ဟင်းခူး စသည်ဖြင့် ရှာဖွေစားသောက်နေရကြောင်း စစ်ဘေးရှာင်စခန်းတာဝန် ဦးဝင်းလှအောင်က ပြောပါတယ်။…

Read More

အမေရိကန်နဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေ ထိပ်သီးဆွေးနွေးမယ်

၀ါရှင်တန်၊ သြဂုတ်-၁-၂၀၂၁ မျိုးဆက် (VOM)   အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်နဲ့ အာဆီယံအဖွဲ့၀င်နိုင်ငံတွေက တာ၀န်ရှိသူတွေဟာ လာမယ့်သီတင်းပတ်မှာ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ထိပ်တန်းတာ၀န်ရှိသူတစ်ဦးက ဇူလိုင် ၃၁ ရက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။   နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်သည် အွန်လိုင်းဆွေးနွေးပွဲသို့ ငါးရက်ဆက်တိုက်ပါ၀င် တက်ရောက်မှာဖြစ်ပြီး အဲ့ဒီဆွေးနွေးမှုတွေမှာတော့ အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေး၀န်ကြီးတွေရဲ့ နှစ်ပတ်လည် အစည်းအဝေး၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ ထိုင်းတို့ပါ၀င်တဲ့ မဲခေါင်နိုင်ငံတွေနဲ့ သီးခြားဆွေးနွေးမှုတွေဖြစ်ပါတယ်။   ဒီလိုအစည်းအဝေးတွေကိုတက်ရောက်တာဟာ ဒီဒေသအတွက် မိမိတို့ရဲ့ ကတိက၀တ်တွေကို ရှင်းရှင်းလင်းလင်း ပြလိုက်တာဖြစ်တယ်လို့ အမေရိကန်ိုင်ငံခြားရေးဌာနက အမည်မဖော်လိုတဲ့ ထိပ်တန်းအရာရှိက ပြောပါတယ်။   မကြာသေးမီနှစ်တွေအတွင်းပြုလုပ်ခဲ့တဲ့ အာဆီယံအစည်းအဝေးတွေမှာတော့ အမေရိကန်ထိပ်တန်းတာ၀န်ရှိသူတွေ တက်ရောက်လေ့မရှိဘဲ အငယ်တန်းအရာရှိတွေကိုသာ စေလွှတ်လေ့ရှိပါတယ်။   သမ္မတဂျိုးဘိုင်လက်ထက်မှာ အမေရိကန်ဟာ လူဦးရေသန်း…

Read More

မုဒုံမြို့နယ် နှီးပဒေါစံပြကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

ရန်ကုန်၊သြဂုတ် ၁-၂၀၂၁ KK   မုဒုံမြို့နယ်မှာ မနေ့ဇူလိုင် ၃၁ရက် ညနေပိုင်းက နှီးပဒေါစံပြကျေးရွာအုပ်ချုပ်ရေးမှူး ဦးမန် ဆိုသူကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။   ဦးမန်ဟာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကနေ နေအိမ်ကို ပြန်လာချိန် လမ်းခုလတ်မှာ အမည်မသိဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ နှီးပဒေါကျေးရွာနေသူတစ်ဦးကပြောပါတယ်။   “သေနတ်နဲ့ ၄ ချက်ပစ်တာ ချက်ချင်းမသေဘူး၊ ဆေးရုံရောက်မှသေတာ၊ ရွာကို စစ်တပ်ရောရဲရော ချက်ချင်းရောက်လာတယ်”လို့ နှီးပဒေါကျေးရွာနေသူတစ်ဦးကပြောပါတယ်။   သေနတ်ဒဏ်ရာရရှိနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမန်ကို ကျေးရွာကနေ သံဖြူဇရပ်ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့်လည်း သေဆုံးသွားတယ်လို့ သိရပါတယ်။   မွန်ပြည်နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာဟာ ၅ကြိမ်ရှိနေပြီး ဇွန်လ ၂၂ရက်က နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်း၊ဇွန်လ ၂၈ရက်က ရေးမြို့နယ်၊ နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူး စောစိုးဝင်းမြင့်၊ဇူလိုင် ၂၃ရက်က ဒူးရင်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်း၊ဇူလိုင်၂၄ရက်က မြေနီကုန်းကျေးရွာအုပ်ချုပ်ရေးမှူး…

Read More

ဘုတလင်နယ် တွင်းတော်ရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းအုပ်ဆရာမတို့ လင်မယား ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရ

သြဂုတ် ၊ ၁ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ် တွင်းတော်ကျေးရွာမှာ မနေ့ ဇူလိုင် ၃၁ ရက် ညနေခင်းက ၂ လောင်းပြိုင်လူသတ်မှု ဖြစ်ခဲ့တယ်လို့ ဘုတလင်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်လို့ တွင်းတော်ရွာခံ တစ်ယောက်က ” အိမ်ထဲမှာ မိသားစု ၉ ယောက်လုံးရှိနေတဲ့အချိန် ရွာမြောက်ဘက်ကနေ ဆိုင်ကယ် ၂ စီးနဲ့ လူ ၆ ယောက် မျက်နှာဖုံးစွပ်တွေနဲ့အိမ်ရှေ့ကိုရောက်လာပြီး ခြံထဲဝင်ဖို့ တံခါးကိုဖျက်တယ် ၊ တံခါးဖျက်နေတဲ့အချိန်မှာ အုပ်ကြီးရဲ့ သားမက်က လောက်လေးခွနဲ့ ပစ်ပြီးခုခံတော့ အဲ့ဒီ လူ ၆ ယောက်က လက်လုပ်ဗုံး ၅ လုံးကို…

Read More
VOM News

FREE
VIEW