အမေရိကန်နဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေ ထိပ်သီးဆွေးနွေးမယ်

၀ါရှင်တန်၊ သြဂုတ်-၁-၂၀၂၁
မျိုးဆက် (VOM)
 
အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်နဲ့ အာဆီယံအဖွဲ့၀င်နိုင်ငံတွေက တာ၀န်ရှိသူတွေဟာ လာမယ့်သီတင်းပတ်မှာ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ထိပ်တန်းတာ၀န်ရှိသူတစ်ဦးက ဇူလိုင် ၃၁ ရက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။
 
နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်သည် အွန်လိုင်းဆွေးနွေးပွဲသို့ ငါးရက်ဆက်တိုက်ပါ၀င် တက်ရောက်မှာဖြစ်ပြီး အဲ့ဒီဆွေးနွေးမှုတွေမှာတော့ အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေး၀န်ကြီးတွေရဲ့ နှစ်ပတ်လည် အစည်းအဝေး၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ ထိုင်းတို့ပါ၀င်တဲ့ မဲခေါင်နိုင်ငံတွေနဲ့ သီးခြားဆွေးနွေးမှုတွေဖြစ်ပါတယ်။
 
ဒီလိုအစည်းအဝေးတွေကိုတက်ရောက်တာဟာ ဒီဒေသအတွက် မိမိတို့ရဲ့ ကတိက၀တ်တွေကို ရှင်းရှင်းလင်းလင်း ပြလိုက်တာဖြစ်တယ်လို့ အမေရိကန်ိုင်ငံခြားရေးဌာနက အမည်မဖော်လိုတဲ့ ထိပ်တန်းအရာရှိက ပြောပါတယ်။
 
မကြာသေးမီနှစ်တွေအတွင်းပြုလုပ်ခဲ့တဲ့ အာဆီယံအစည်းအဝေးတွေမှာတော့ အမေရိကန်ထိပ်တန်းတာ၀န်ရှိသူတွေ တက်ရောက်လေ့မရှိဘဲ အငယ်တန်းအရာရှိတွေကိုသာ စေလွှတ်လေ့ရှိပါတယ်။
 
သမ္မတဂျိုးဘိုင်လက်ထက်မှာ အမေရိကန်ဟာ လူဦးရေသန်း ၆၀၀ ကျော်ရှိတဲ့ အာဆီယံဒေသအပေါ် အာရုံစိုက်မှုတွေရှိနေပြီး မကြာသေးမီကလည်း အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်နဲ့ နိုင်ငံခြားရေး ဒု၀န်ကြီး ၀င်ဒီရှာမန်တို့ဟာ အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။
 
Ref: Reuters
Photo: Reuters
#voiceofmyanamr #vom #အမေရိကန#အာဆီယံ

Related posts

Leave a Comment

VOM News

FREE
VIEW