မူဆယ် သစ်သီဝလံ ကုန်စည်ဒိုင်က ဖရဲသခွားစိုက် ဒေသခံတွေကို ကိုဗစ် ကျန်းမာရေးသုံး ပစ္စည်းတွေ ပေးလှူဖို့ စီစဥ်နေ

သြဂုတ် ၊ ၉၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ရှမ်းပြည်မြောက်ပိုင်း ၊ မူဆယ်မြို့ ၊ မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်နဲ တရုတ်နိုင်ငံ ဝမ်တိန်ချန်ဟော့ ကုမ္မဏီတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံထဲက ဖရဲသခွားစိုက်ပျိုးရာဒေသတွေကို ကိုဗစ်ရောဂါ ကျန်းမာရေးသုံးပစ္စည်းတွေ ပေးအပ်လှူဒါန်းသွားဖို့ စီစဥ်နေတယ်လို့ မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် အမှုဆောင် ဦးစိုင်းခင်မောင် က ” ပြည်တွင်းက ဖရဲ သခွား အဓိကထား စိုက်ပျိုးတဲ့ မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ရှမ်းမြောက်ပိုင်း ဒေသတွေက ကျန်းမာရေး ကိစ္စ အရေးပေါ်လိုအပ်တဲ့ နေရာတွေကို ပထမ ဦးစားပေး အနေနဲ့ ပေးလှူသွားမှာဖြစ်တယ် “လို့ ပြောပါတယ်။  …

Read More

ဒလမြို့နယ်မှာ စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်လို့ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ရန်ကုန်၊သြဂုတ် ၉-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ ဒလမြို့နယ်၊ မြို့နယ်ခန်းမရှေ့မှာ မနေ့ ဩဂုတ်လ ၈ရက်နေ့ နေ့လယ်၂နာရီခွဲက အစောင့်ကျနေတဲ့ စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်လို့ စစ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။   “ဘာကြောင့်ပစ်လဲတော့မသိဘူး သတင်းကိုဖုံးထားတာ၊ နှစ်ပွင့်နဲ့တစ်ယောက်သေတယ် တစ်ယောက်က ခုတင်၅၀၀ကို ပို့ထားတယ်၊ အဲ့တစ်ယောက်အခြေအနေတော့ မသိသေးဘူး”လို့ မြို့နယ်ခန်းမအနီးမှာ နေထိုင်သူတစ်ဦးက VOMကို ပြောပါတယ်။   လက်တလောမှာ သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ စစ်သားကို ဒလမြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။   မနေ့ကလည်း ပုဇွန်တောင်မြို့နယ်၊ ၅ရပ်ကွက်၊ ပုဇွန်တောင်စျေးအနီး၊ ဆားလင်းဘုန်းကြီးကျောင်းရှေ့အနီးမှာ ဗုံးပေါက်ကွဲခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့တာလည်း ဖြစ်ပွားခဲ့ပါတယ်။   #voiceofmyanmar #VOM #ရန်ကုန်

Read More

အချုပ်ထောင်မှာ ပါဆယ်မိုင်းပေါက်ကွဲမှုဖြစ်စဥ်ကြောင့် ထောင်ဝင်စာတွေ လုံခြုံရေးတင်းကြပ်ထား

သြဂုတ် ၊ ၉ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အချုပ်ထောင်ဝင်စာ ပါဆယ်မိုင်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲဝန်ထမ်း ၃ ယောက် ဒဏ်ရာရရှိတဲ့ဖြစ်စဥ် ပေါ်ပေါက်ပြီးနောက် ရဲအချုပ် ထောင်ဝင်စာတွေနဲ့ အကျဥ်းထောင် ထောင်ဝင်စာတွေကို မနေ့ သြဂုတ် ၈ ရက် မနက်ပိုင်းကစလို့ ပိုမိုတင်းကြပ်စွာ စစ်ဆေးနေတယ်လို့ ပြည်ထဲရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။   ” ဒီလ ၇ ရက် ညနေ ၄ နာရီ ဝန်းကျင်မှာ မိုးကုတ် အချုပ်ထောင်ထဲကို ပေးသွင်းမယ့် ထောင်ဝင်စာ ထမင်းထုပ်တွေထဲက ပါဆယ်မိုင်း ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရခဲ့တယ် ၊ အလားတူ ဖြစ်စဥ်တွေ ထပ်မံမဖြစ်ဖို့ တစ်နိုင်ငံလုံးက ရဲ အချုပ်…

Read More
VOM News

FREE
VIEW