မိုးကုတ်အနောက်ပိုင်းမှာ မြေပြိုကျပြီး လူ ၃ ဦး သေဆုံး

သြဂုတ် ၊ ၁၂ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မန္တလေးတိုင်း ၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ကျပ်ပြင် အင်းခေါင်းရပ်ကွက် မိုးကုတ်-မန္တလေး ကားလမ်းအနီးမှာ ဒီကနေ့ နေ့လယ်ပိုင်းက မြေပြိုကျတာတွေ ဖြစ်တဲ့အတွက် လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ မိုးကုတ်မြို့နယ် ထွေ / အုပ်ရုံးဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ဒီမနက် ၇ နာရီနောက်ပိုင်းကစလို့ မိုးရွာသွန်းမှုများတယ် ၊ အဆင်မပြတ်ရွာနေတာဖြစ်တယ် ၊ BOC အုတ်တံတိုင်းပြိုကျပြီး အနီးက လျှပ်စစ် ထရမ်စဖော်မာ အပေါ်ကျတယ် ၊ အဲ့ဒီအခါမှာ ဓာတ်တိုင်၂ တိုင်နဲ့ လျှပ်စစ် ထရမ်စဖော်မာ ထပ်လဲပြီး လူနေအိမ် တလုံးပေါ်ထပ်ကျလို့ အိမ်ထဲမှာ ရှိနေတဲ့ လူ ၃ ယောက် မြေ
ပိပြီး သေဆုံးတာပါ ” လို့ မြို့နယ် ထွေ / အုပ် ဝန်ထမ်းတစ်ယောက်က VOM ကို ပြောပါတယ်။
 
အဲ့ဒီ မြေပြိုကျတဲ့နေရာကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ် ။
 
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မိုးရာသီကလည်း မိုးကုတ်မြို့ အရှေ့ပိုင်းမှာ မိုးရွာသွန်းမှုများပြားပြီး ရေကြီးရေလျှံဖြစ် မြေပြိုတာတွေ ဖြစ်ခဲ့တဲ့အတွက် လူ ၄ ယောက်သေဆုံးခဲ့တာလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
 
Photo-မိုးကုတ် မီးသတ်
#voiceofmyanmar #VOM #မိုးကုတ

Related posts

Leave a Comment

VOM News

FREE
VIEW