ပုဂ္ဂလိကဘဏ်တွေ ဒေဝါလီခံစရာ အကြောင်းမရှိဘူးလို့ ဗဟိုဘဏ် ဒု-ဥက္ကဌ ထုတ်ပြော

သြဂုတ် ၊ ၁၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
အင်တာနက် လူမှုကွန်ယက်ပေါ်မှာ သက်တမ်းရင့် ပုဂ္ဂလိကဘဏ်ကြီးတခု ဒေဝါလီခံရတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် စီးပွားရေးလုပ်ငန်းရှင်တွေ အထိတ်တလန့်မဖြစ်စေဖို့ ဗဟိုဘဏ် ဒု-ဥက္ကဌ ဦးဝင်းသော်က ပုဂ္ဂလိကဘဏ်တွေ ဒေဝါလီ ခံစရာ အကြောင်းမရှိဘူးလို့ ဒီကနေ့မှာပဲ ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။
 
” အရင်ကလည်း ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ အကြောင်းမရှိဘူးလို့ တရားဝင် ပြောပြထားတယ် ၊ နိုင်ငံပိုင် သတင်းစာတွေကနေ တဆင့် အများပြည်သူသိနိုင်အောင် ထုတ်ပြန်ပေးထားတယ် ၊ ဘဏ်တွေက ဒေဝါလီခံစရာ အကြောင်းမရှိပါဘူး ” လို့ ဗဟိုဘဏ် ဒု-ဥက္ကဌ ဦးဝင်းသော်ကပြောပါတယ်။
 
ထပ်တိုးရုံးပိတ်ရက်ရှည် ကာလမှာ ဘဏ်ဝန်ထမ်းတွေ ပိတ်ရက်ခံစားခွင့် နဲ့ ပတ်သက်လို့ ဗဟိုဘဏ် ဒု ဥက္ကဌ ဦးဝင်းသော်က ” အရင် ၃ ပတ်တာ ရုံးပိတ် ရက်ရှည်ကာလမှာ ငွေကြေးဝန်ဆောင်မှု ဘဏ်လုပ်ငန်းတွေ ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးတဲ့အခါ ဝန်ဆောင်မှုပေးတဲနေရာတွေက တဆင့် ကိုဗစ်ရောဂါ ကူးဆက်လာတဲ့အတွက် ထပ်တိုး ၁ ပတ် ရုံးပိတ်ရက် ကာလမှာ ကိုဗစ်ရောဂါ ကူးဆက်မှု ဖြတ်တောက်တဲ့ လုပ်ငန်းသဘောအရ ဘဏ်ဝန်ထမ်းတွေကို ရုံးပိတ်ရက် ကာလ အကြုံးဝင်ထည့်သွင်း ပိတ်တာ” လို့ ဆက်ပြောပါတယ်။
 
လူမှုကွန်ယက်စာမျက်နှာပေါ်က သတင်းအမှားတွေကြောင့် စီးပွားရေးလုပ်ငန်းရှင် အများစု စိုးရိမ်တကြီးဖြစ်ပေါ်ကာ ဒီကနေ့မှာ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေ ရှုပ်ထွေလာနေတဲ့အတွက် သတင်းမီဒီယာတွေရဲ့ ဆက်သွယ်မေးမြန်းချက်အပေါ် ဗဟိုဘဏ် တာဝန်ရှိသူက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ဗဟိုဘဏ

Related posts

Leave a Comment

VOM News

FREE
VIEW