ဗိုင်းရပ်စ်ရဲ့မူလဇစ်မြစ်ကို နောက်ထပ်စုံစမ်းရန် WHO ရဲ့တောင်းဆိုမှု တရုတ်နိုင်ငံ ပယ်ချပြန်

ပေကျင်း၊ သြဂုတ်-၁၃-၂၀၂၁
မျိုးဆက် (VOM)
 
ကိုဗစ်-၁၉ ရောဂါရဲ့ မူလဇစ်မြစ်ကို နောက်ထပ်စုံစမ်းစစ်ဆေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ တိုက်တွန်းတောင်းဆိုမှုတွေကို တရုတ်နိုင်ငံက သြဂုတ် ၁၃ ရက်မှာ ပယ်ချလိုက်ပြန်ပါတယ်။
 
ဗိုင်းရပ်စ်ရဲ့ ဘယ်လိုစတင်ခဲ့တယ်ဆိုတာကို ရှာဖွေရာမှာ နိုင်ငံရေးလှုံ့ဆော်တဲ့အားထုတ်မှုတွေထက် သိပ္ပံနည်းကျ လုပ်ဆောင်မှုတွေကိုသာ ထောက်ခံတယ်လို့ တရုတ်နိုင်ငံကဆိုပါတယ်။
 
ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာစတင်ခဲ့ပြီးနောက် ကမ္ဘာ့တစ်၀န်းမှာ လူလေးသန်းကျော်သေဆုံးပြီးနောက် စီးပွားရေးတွေ သွက်ချာပါဒလိုက်ခဲ့တာကြောင့် ဗိုင်းရပ်စ်ရဲ့မူလဇစ်မြစ်ကို နောက်ထပ်စုံစမ်းမှုတွေပြုလုပ်ဖို့ တရုတ်နိုင်ငံအပေါ် ဖိအားတွေတိုးလာနေပါတယ်။
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကျွမ်းကျင်သူအဖွဲ့ဟာ ဝူဟန်မြို့ကို ဇန်နဝါရီလအတွင်းမှာ ပထမဆုံးအကြိမ် သွားရောက်စစ်ဆေးခဲ့ပြီး တရုတ်ကျွမ်းကျင်သူတွေနဲ့အတူ ပထမဆုံးအစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
 
ဒါပေမယ့် အစီရင်ခံစာမှာတော့ ဗိုင်းရပ်စ်ဘယ်လိုစတင်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး ခိုင်မာတိကျတဲ့အဖြေမျိုး မထွက်ခဲ့ပါဘူး။
 
ရောဂါစတင်ဖြစ်ပွားခဲ့ချိန်က ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အစောဆုံးကာလတွေက အချက်အလက်အကြမ်းတွေကို မျှဝေဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်နိုင်ငံကို သြဂုတ် ၁၂ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
 
ဒါပေမယ့် တရုတ်နိုင်ငံကတော့ ပထမစုံစမ်းစစ်ဆေးမှုဟာ လုံလောက်ကြောင်း သူ့ရဲ့ရပ်တည်ချက်ကို ထပ်လောင်းပြောဆိုခဲ့ပြီး အချက်အလက်တွေနောက်ထပ်တောင်းခံတာဟာ သိပ္ပံနည်းကျစုံစမ်းစစ်ဆေးမှုတွေအစား နိုင်ငံရေးခြေထိုးကွက်လို့ ဝေဖန်ပြောဆိုပါတယ်။
 
Ref : CNA
Photo: AFP
#voiceofmyanmar #vom #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW