ပေါက်တိုက်ရွာ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

သြဂုတ် ၊ ၁၅ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ် ၊ စိုင်လျားအုပ်စု ၊ ပေါက်တိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ မနက်အစောပိုင်းက နေအိမ်မှာ မိသားစုနဲ့အတူ အိပ်နေချိန် သေနတ်နဲ့ ပစ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ယင်းမာပင်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
” ဒီမနက် အစောပိုင်း ၁ နာရီလောက်မှာ mask တပ်ပြီး ဦးထုပ်ဆောင်းထားတဲ့ လူ ၁၀ ကျော်က အိမ်ထဲဝင်လာပြီး အုပ်ကြီးရဲ့ ခေါင်းကို သေနတ်နဲ့ ပစ်သွားတာ ” လို့ စိုင်လျားရွာခံတစ်ယောက်က ပြောပါတယ်။
 
ပေါက်တိုက်ကျေးရွာမှာ နေထိုင်တဲ့ အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း အသက် ၅၀ နှစ်ဟာ သေနတ်ပစ်ခံရတဲ့ နေအိမ်ထဲမှာပဲ ဦးခေါင်း ကျည်ဆံ ဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အုပ်ချုပ်ရေးမှူးကို ပစ်သတ်ခဲ့တဲ့ သေနတ်သမားတွေဟာ သေဆုံးအုပ်ချုပ်ရေးမှူးရဲ့ မိန်းမနဲ့ သားသမီးတွေကို ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် နာကျင်ဒဏ်ရာတွေ ရခဲ့တယ်လို့ စိုင်းလျားဒေသခံတွေ ပြောပြချက်အရ သိရပါတယ် ။
 
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး သီးခြား သတင်းအတည်ပြုချက်ရနိုင်ဖို့ ယင်းမာပင် ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ မြို့နယ်ရဲတပ်ဖွဲ့ရုံးကို VOM ကဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။
 
#voiceofmyanmar #VOM #ယင်းမာပင်

Related posts

Leave a Comment

VOM News

FREE
VIEW