မုံရွာမြို့နယ်ရဲ့ မြောက်ဘက် မြို့ဝင်စစ်ဆေးရေးဂိတ်အနီး အဝေးထိန်း မိုင်း ၁ လုံးပေါက်ကွဲ

သြဂုတ် ၊ ၁၆ – ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ-ဘုတလင်-ရေဦးသွားကားလမ်းနဲ့ မုံရွာ-ယာကြီး-ကလေးဝ သွားကားလမ်း ဒေသအခေါ် သုံးထောင့်ချွန်းလမ်းဆုံနေရာအနီးမှာ ဒီကနေ့ မနက် ၁၀ နာရီက အဝေးထိန်းမိုင်း ၁ လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
 
” မြေမြုတ်ထားတဲ့ အဝေးထိန်း မိုင်းအမျိုးအစား ဖြစ်နိုင်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် လူ ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရတာ မရှိဘူး ၊ အဲ့ဒီအနီးက မြို့ပြ လမ်းညွှန်မြေပုံတော့ ထိခိုက်ပျက်စီးသွားတယ် ” လို့ သွားရောက်စစ်ဆေးခဲ့တဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
 
မနေ့ သြဂုတ် ၁၅ရက် မနက်ပိုင်းကလည်း မုံရွာမြို့လယ် နာရီစင်အနီးဝန်းကျင်မှာ ပေါက်ကွဲမှု တစ်ကြိမ် ၊ ည ၈ နာရီဝန်းကျင်မှာ ကျောက္ကာလမ်းနဲ့ အောင်သပြေလမ်းဆုံ အနီးနေရာမှာ တစ်ကြိမ် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါသေးတယ် ။
 
မုံရွာမြို့ပေါ်မှာ သြဂုတ် ၁၅ / ၁၆ ရက်ရဲ့ ၂၄ နာရီအတွင်းမှာ ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒီမနက်ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုနေရာဟာ တိုင်းအစိုးရရုံးရဲ့ မြောက်ဘက် ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရဲ့တောင်ဘက် အဲ့ဒီ နယ်မြေဧရိယာ ၂ ခုရဲ့ အလယ်ဗဟိုချက် နေရာမှာ ဖြစ်တယ်လို့ မုံရွာမြို့ခံတွေရဲ့ ​ပြောပြချက်အရ သိရပါတယ်။
 
ပုံစာ – ပေါက်ကွဲမှု မြင်ကွင်း
#voiceofmyanmar #VOM #တရုတ်မြန်မာနယ်စပ်

Related posts

Leave a Comment

VOM News

FREE
VIEW