မြောက်ကိုရီးယားက သတိပေးပေမယ့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်

ဆိုးလ်၊ သြဂုတ်-၁၆-၂၀၂၁ မျိုးဆက် (VOM)   မြောက်ကိုရီးယားက ကန့်ကွက်သတိပေးမှုတွေရှိနေပေမယ့်လည်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၆ ရက်မှာစတင်လိုက်ပါတယ်။   အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၆ ရက် ကနေ သြဂုတ် ၂၆ ရက်ထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ တောင်ကိုရီးယား စစ်ဘက်တာ၀န်ရှိသူတွေက ပြောပါတယ်။   ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်နိုင်ခြေရှိတ့ဲ့ပဋိပက္ခတစ်ခုအဖြစ် အသွင်ယူလေ့ကျင့်တဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ကွန်ပြူတာစနစ်အပါအ၀င် ပုံစံတူလေ့ကျင့်မှုတွေ ပါ၀င်ဖွယ်ရှိပြီး အမှန်တကယ်ပစ်ခတ်လေ့ကျင့်မှုတွေတော့ မပါ၀င်ဘူးလို့ဆိုပါတယ်။   ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဖို့ လိုအပ်တဲ့တပ်ဖွဲ့၀င်တွေကိုသာ လိုအပ်သောနေရာတွေမှာ ဖြန့်ကြက်လေ့ကျင့်စေမှာဖြစ်ကြောင်းတောင်ကိုရီးယား စစ်ဘက်က အစောပိုင်းမှာ ကြေညာထားပါတယ်။   အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်ဘယ်လိုရှိပါစေ ဖျက်သိမ်းဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ညီမဖြစ်သူ ကင်ယိုဂျုံက ယခုလအစောပိုင်းမှာ သတိပေးပြောကြားထားပါတယ်။   Ref : NHK…

Read More

မတ္တရာ NLD လူငယ် အမာခံ ၁ ယောက် သတ်ခံရပြီး အလောင်းဖျောက်ခံရ

သြဂုတ် ၊ ၁၆ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့ ၊ အမှတ် ၂ ရပ်ကွက်မှာနေတဲ့ NLD လူငယ် အမာခံ အဖွဲ့ဝင်တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ပြီး မြေမြုတ်ထားတဲ့ မြေပုံတခုကို မနေ့ သြဂုတ် ၁၅ ညက ရှာဖွေတွေ့ရှိခဲ့တယ်လို့ မတ္တရာမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” မတ္တရာနယ် ဆိတ်သာရွာရဲ့ အရှေ့တောင်ဘက် ၁ မိုင်ခန့်အကွာ လမ်းဘေးတောစပ် တနေရာမှာ လူမြုတ်ထားတဲ့ မြေပုံတခုတွေ့ရတယ်လို့ သတင်းရတာကြောင့် မြို့နယ်လူကြီးတွေက အဲ့ဒီမြေပုံကို တူးဖော်စစ်ဆေးကြတာဖြစ်တယ် ” လို့ ဆိတ်သာရွာခံ တစ်ယောက်က ပြောပါတယ်။   ” မနေ့ကည ၈ နာရီဝန်းကျင်မှာ မြို့နယ်ဆရာဝန်ကြီး ၊ မြို့နယ်တရားသူကြီး ၊ မြို့နယ်ထွေအုပ်…

Read More

တန့်ဆည်နယ်မှာ ရဲကားတန်း ဖြတ်သန်းချိန် မိုင်း ၄ လုံးပေါက်ကွဲ၊ ကား ၂ စီး ပျက်စီးပြီး ရဲ ၁ ဦး ဒဏ်ရာရ

သြဂုတ် ၊ ၁၆ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တန့်တည်မြို့နယ် မြောက်ပိုင်း ၊ တန့်ဆည် ဒေါင့်ကြီး သွားကားလမ်းမှာ ဒီကနေ့ နေ့ခင်း ၁၂ နာရီဝန်းကျင်က ရဲတပ်ဖွဲ့ကားတန်းဖြတ်သန်းလာတဲ့အချိန် လမ်းဘေးထောင်ထားတဲ့ မိုင်း ၄ လုံး ပေါက်ကွဲခဲ့တဲ့အတွက် ကား ၁ စီးပျက်စီးပြီး လူ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ တန့်ဆည်နယ်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” တန့်ဆည်-ဒေါင့်ကြီးကားလမ်း အက်ုက္ကားရွာနဲ့ ဒေါင့်ကြီးရွာအကြား ၊ ဒေါင့်ကြီး တံတားအနောက်ဘက်နားမှာ ပေါက်ကွဲတာပါ ၊ ပေါက်ကွဲသံပြင်းပြီး ၄ ကြိမ်ဆက်တိုက် အသံကြားရလိုက်တယ် ၊ ရဲကားတန်းထဲက ဒါဘရယ်ကပ် ကား ၁ စီး ပျက်စီးလို့ ထွန်စက်နဲ့ ကားပျက်ကိုဆွဲသွားတယ် ၊…

Read More

မုံရွာမြို့နယ်ရဲ့ မြောက်ဘက် မြို့ဝင်စစ်ဆေးရေးဂိတ်အနီး အဝေးထိန်း မိုင်း ၁ လုံးပေါက်ကွဲ

သြဂုတ် ၊ ၁၆ – ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ-ဘုတလင်-ရေဦးသွားကားလမ်းနဲ့ မုံရွာ-ယာကြီး-ကလေးဝ သွားကားလမ်း ဒေသအခေါ် သုံးထောင့်ချွန်းလမ်းဆုံနေရာအနီးမှာ ဒီကနေ့ မနက် ၁၀ နာရီက အဝေးထိန်းမိုင်း ၁ လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။   ” မြေမြုတ်ထားတဲ့ အဝေးထိန်း မိုင်းအမျိုးအစား ဖြစ်နိုင်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် လူ ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရတာ မရှိဘူး ၊ အဲ့ဒီအနီးက မြို့ပြ လမ်းညွှန်မြေပုံတော့ ထိခိုက်ပျက်စီးသွားတယ် ” လို့ သွားရောက်စစ်ဆေးခဲ့တဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။   မနေ့ သြဂုတ် ၁၅ရက် မနက်ပိုင်းကလည်း မုံရွာမြို့လယ် နာရီစင်အနီးဝန်းကျင်မှာ ပေါက်ကွဲမှု တစ်ကြိမ် ၊ ည ၈ နာရီဝန်းကျင်မှာ…

Read More

သတင်းပေးလို့ နာမည်ထွက်နေတဲ့ ဆေးဆိုင်ပိုင်ရှင် သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

သြဂုတ် ၊ ၁၆ – ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက် ၊ လမ်းဆုံအဝိုင်းပတ်အနီးကဆေးနဲ့ ဆေးပစ္စည်း အရောင်ဆိုင်တခုမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က ဆေးလာဝယ်သူ ၃ ဦးက သေနတ်နဲ့ပစ်ခတ်လို့ ဆေးဆိုင်ပိုင်ရှင် သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” လမ်းဆုံးနားက ဇီဝက ဆေးဆိုင်မှာ ဖြစ်တာပါ ၊ ဆိုင်ကယ်နဲ့ ဆေးလာဝယ်တဲ့ လူ ၃ ယောက်က အနီးကပ် သေနတ်နဲ့ ပစ်လို့ ဆိုင်ရှင် ကိုမျိုး ကျည်ဆံမှန်ပြီး နေရာမှာတင် သေဆုံးသွားတာပါ ” လို့ တန့်ဆည်လမ်းဆုံမှာနေတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ် ။   သေဆုံးသူ ဆေးဆိုင်ပိုင်ရှင် ကိုမျိုးဆိုသူဟာ တန့်ဆည်မြို့နယ်…

Read More

မူဆယ်နန်းတော်ပေါက် ဒီကနေ့တစ်ရက် ပြန်ဖွင့်ပေး

ဩဂုတ် ၁၆-၂၀၂၁ Shy V (VOM)   တရုတ်-မြန်မာ နှစ်နိုင်ငံ တရားဝင်ဂိတ် နန်း​တော်​ပေါက်ကို ဩဂုတ်လ ၁၆ ရက်​နေ့ ဒီကနေတစ်ရက်တည်း ပြန်လည်ဖွင့်​ပေးပြီး ပြည်တော်ပြန်တချို့ကို ပြန်ပို့ပေးနေတယ်လို့ ရွှေလီရှိ ​ရွှေမြန်မာအွန်လိုင်းအ​ရေး​ပေါ် ကျန်းမာ​ရေးကူညီမှုအသင်းကနေ သိရပါတယ်။   “တစ်သုတ် ပို့ပြီးရင် ပြန်ပိတ်မှာ။ ဘာဖြစ်လို့လဲ ဆို​တော့ ​ရွှေလီ က ကိုဗစ် အဝါ​ရောင်အဆင့် သတ်မှတ်ထားလို့၊ တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်ခြမ်း ရွှေလီ၊ ကျယ်ဂေါင်တို့မှာ ရှိနေတဲ့ မြန်မာနိုင်ငံသား​တွေ​အပါအဝင် တရုတ်နိုင်ငံသားတွေအားလုံးကို တစ်ရက်ခြား တစ်ကြိမ် ပိုးရှိ၊မရှိ စစ်ဆေးပေး​နေတယ်၊ လော​လောလတ်လတ် ပိုးစစ်ပြီး ပိုးမရှိတဲ့ မြန်မာနိုင်ငံသားတွေမှသာ မြန်မာဘက်ကို ပြန်ပို့​ပေးတယ်။” လို့ ရွှေမြန်မာအွန်လိုင်းအ​ရေး​ပေါ် ကျန်းမာ​ရေးကူညီမှု အသင်းဥက္ကဌ ကိုချမ်း​မြေ့က ​ပြောပါတယ်။   COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် တရုတ်-မြန်မာ…

Read More

မုံရွာ – ဂန့်ဂေါ ကားလမ်းအနီးမှာ ဦးခေါင်းပြတ် ရုပ်အလောင်း ၁ လောင်းတွေ့

သြဂုတ် ၊ ၁၆-၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊ မုံရွာ-ဂန့်ဂေါ ကားလမ်း ၅၂ မိုင်ကျေးရွာအနီး ပျဥ်းပင်ကွေ့ နဲ့ ကျောက်စလင်းတောင်ကြားနေရာမှာ မနေ့ သြဂုတ် ၁၅ ရက် နေ့လယ်ပိုင်းက ဦးခေါင်းပြတ် အမျိုးသား ရုပ်အလောင်း ၁ လောင်းတွေ့ရတယ်လို့ လဲကန်ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ကျောက်စလင်းတောင်ကြားက သျှိုထဲမှာတွေ့ရတာဖြစ်တယ် ၊ ဦးခေါင်းပြတ်ဒဏ်ရာအပြင် ကျည်ဆံဖောက်ဝင်ဒဏ်ရာတချို့လည်းတွေ့ရတယ် ၊ သေဆုံးသူက ၅၅ မိုင်ရွာမှာနေတဲ့ ကိုအောင်မျိုးသက် ဆိုသူဖြစ်တယ်၊ သူက မြိုင်နယ်ဘက်သူနဲ့ အိမ်ထောင်ကျပြီး သာမန် အလုပ်တွေ လုပ်ကိုင်နေတဲ့ အရပ်သား တစ်ယောက်ဖြစ်တယ်” လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။   အဲ့ဒီ ရုပ်အလောင်းတွေ့ရတဲ့ ကိစ္စနဲ့…

Read More

ဖမ်းဆီးခံသွားရတဲ့ ဝေဘာဂီရပ်ကွက်က လူငယ်(၁၆)ယောက် ပြန်လွတ်လာ

ရန်ကုန်၊သြဂုတ် ၁၆-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်ရပ်ကွက်၊ သဇင်နီလမ်းမှာ မနေ့ညပိုင်းက ဖမ်းဆီးခံသွားရတဲ့ လူငယ် ၁၆ ယောက်ကို ဒီကနေ့မနက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   ဖမ်းဆီးခံရသူတွေဟာ ဝေဘာဂီမြို့သစ်ရပ်ကွက်၊ သဇင်နီလမ်းမှာနေထိုင်နေပြီး မနေ့ညက ပရဟိတလူမှုရေးလုပ်ငန်းတွေလုပ်ဆောင်ပြီး ပြန်လာချိန်မှာ ဖုန်းဆက်တိုင်ကြားမှုတစ်ခုကြောင့် လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ နှင်းဆီနီလမ်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။   “လူငယ်တွေချည်းပဲ ၁၆ယောက်ဆိုတော့ ဒလန်က စစ်တပ်ကို သတင်းလှမ်းပေးမှာပေါ့၊ ဒါကြောင့်စစ်တပ်က ချက်ချင်းရောက်လာတာ ဗုံးပေါက်ထားတာလည်းရှိတယ်လေ၊ အခုတော့ ၁၆ယောက်လုံးပြန်လွှတ်ပါပြီ”ဟု ရှင်းပြပါတယ်။   ပြန်လည်လွှတ်မြောက်လာသူ လူငယ်တွေဟာ မနေ့က မှော်ဘီမြို့နယ်ရှိ ပန်းတစ်ပွင့်တောင် မိဘမဲ့ကလေးတွေကို သွားရောက်လှူဒါန်းပြီး ပြန်လာချိန်မှာ ဖမ်းဆီးခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။   အလားတူ သြဂုတ် ၁၄ရက် ည၁၂နာရီကျော်က (င)ရပ်ကွက်၊ နွယ်နီ ၈လမ်းမှာ လူငယ်တစ်ဦးကို ဖမ်းဆီးသွာပြီး…

Read More

ယင်းမာပင်မှာ မိုင်းပေါက်ကွဲလို့ နွားကျောင်းနေတဲ့ မောင်နှမ၂ ယောက် ဒဏ်ရာရ

သြဂုတ် ၊ ၁၆ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်က နွားကျောင်းနေတဲ့ မောင်နှမ ၂ ယောက်ဟာ ထောင်မိုင်းနင်မိပြီး ပေါက်ကွဲခဲ့တဲ့အတွက် ဒဏ်ရာတွေရရှိကာ မုံရွာပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာဌာကို မနေ့ သြဂုတ် ၁၅ ညပိုင်းက ရောက်လာတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” မိုင်းစထိမှန် အရေးပေါ် လူနာ ၂ ယောက် ရောက်လာတယ် ၊ အမျိုးသား အသက် ၁၉ နှစ် ဝဲဘက်ခါးဘေး ဒဏ်ရာ ၁ ချက် ၊ ဝဲဘက် ခြေမျက်စိအောက် ဒဏ်ရာ ၁ ချက် နဲ့ အမျိုးသမီး အသက် ၁၇ နှစ် ယာလက်မောင်း ဒဏ်ရာ ၁ ချက် ၊…

Read More

ဖမ်းဆီးခံထားရတဲ့ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေ ကိုဗစ်နဲ့ကွယ်လွန်

သြဂုတ် ၁၆၊၂၀၂၁ KK(VOM)   ပုဒ်မ၅၀၅(က)နဲ့အမှုဖွင့်ပြီး ပဲခူးကျိုက်စကောအကျဥ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေဟာ ကိုဗစ်ရောဂါနဲ့ဒီကနေ့မနက်မှာပဲ ကွယ်လွန်သွားတယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။   ကမာနက်ကျေးရွာက NLDပါတီဝင်တစ်ဦးက”သူ့မှာ သွေးတိုးရော ဆီချိုရောရှိတယ်၊ ထောင်ထဲမှာ ကိုဗစ်ကူးတယ်ဆိုတော့ ဘယ်အဆင်ပြေမလဲ၊ ကလိဆေးရုံမှာတက်နေတာ နှစ်ပတ်ကျော်ပြီ ဒီနေ့မနက်က ဆုံးသွားတာ”လို့ ပြောပါတယ်။   လွှတ်တော်ကိုယ်စားလှယ်ဦးညွန့်ရွှေဟာ ဖေဖော်ဝါရီ ၉ရက်ကပြုလုပ်တဲ့ ပဲခူးမြို့ပေါ် ဆန္ဒပြပွဲတစ်ခုမှာ ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။   ပဲခူးကျိုက်စကောအကျဥ်းထောင်မှာ ဇူလိုင် ၂၄ ရက်က စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း နဲ့ တိုင်းလွှတ်တော် NLD အမတ် ဦးညွန့်ရွှေ တို့နှစ်ဦးဟာ ကိုဗစ်ကူးစက်ခံရပြီး ကလိဆေးရုံကို ပို့ဆောင်ကုသခဲ့တယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။   သေဆုံးသူဦးညွန့်ရွှေရဲ့ နာရေးကို ဒီကနေ့မွန်းလွဲပိုင်းမှာ စစ်တပ်ကနေ ပြုလုပ်ပေးမယ်လို့ သိရပြီး မိသားစုဝင်တွေကတော့ ပဲခူးမြို့နယ်၊…

Read More
VOM News

FREE
VIEW