မြောက်ကိုရီးယားက သတိပေးပေမယ့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်

ဆိုးလ်၊ သြဂုတ်-၁၆-၂၀၂၁
မျိုးဆက် (VOM)
 
မြောက်ကိုရီးယားက ကန့်ကွက်သတိပေးမှုတွေရှိနေပေမယ့်လည်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၆ ရက်မှာစတင်လိုက်ပါတယ်။
 
အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၆ ရက် ကနေ သြဂုတ် ၂၆ ရက်ထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ တောင်ကိုရီးယား စစ်ဘက်တာ၀န်ရှိသူတွေက ပြောပါတယ်။
 
ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်နိုင်ခြေရှိတ့ဲ့ပဋိပက္ခတစ်ခုအဖြစ် အသွင်ယူလေ့ကျင့်တဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ကွန်ပြူတာစနစ်အပါအ၀င် ပုံစံတူလေ့ကျင့်မှုတွေ ပါ၀င်ဖွယ်ရှိပြီး အမှန်တကယ်ပစ်ခတ်လေ့ကျင့်မှုတွေတော့ မပါ၀င်ဘူးလို့ဆိုပါတယ်။
 
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဖို့ လိုအပ်တဲ့တပ်ဖွဲ့၀င်တွေကိုသာ လိုအပ်သောနေရာတွေမှာ ဖြန့်ကြက်လေ့ကျင့်စေမှာဖြစ်ကြောင်းတောင်ကိုရီးယား စစ်ဘက်က အစောပိုင်းမှာ ကြေညာထားပါတယ်။
 
အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်ဘယ်လိုရှိပါစေ ဖျက်သိမ်းဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ညီမဖြစ်သူ ကင်ယိုဂျုံက ယခုလအစောပိုင်းမှာ သတိပေးပြောကြားထားပါတယ်။
 
Ref : NHK
Photo:AP
 
#voiceofmyanmar #vom #မြောက်ကိုရီးယား #တောင်ကိုရီးယား #အမေရိကန

Related posts

Leave a Comment

VOM News

FREE
VIEW