တန့်ဆည်နယ်မှာ ရဲကားတန်း ဖြတ်သန်းချိန် မိုင်း ၄ လုံးပေါက်ကွဲ၊ ကား ၂ စီး ပျက်စီးပြီး ရဲ ၁ ဦး ဒဏ်ရာရ

သြဂုတ် ၊ ၁၆ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တန့်တည်မြို့နယ် မြောက်ပိုင်း ၊ တန့်ဆည် ဒေါင့်ကြီး သွားကားလမ်းမှာ ဒီကနေ့ နေ့ခင်း ၁၂ နာရီဝန်းကျင်က ရဲတပ်ဖွဲ့ကားတန်းဖြတ်သန်းလာတဲ့အချိန် လမ်းဘေးထောင်ထားတဲ့ မိုင်း ၄ လုံး ပေါက်ကွဲခဲ့တဲ့အတွက် ကား ၁ စီးပျက်စီးပြီး လူ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ တန့်ဆည်နယ်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” တန့်ဆည်-ဒေါင့်ကြီးကားလမ်း အက်ုက္ကားရွာနဲ့ ဒေါင့်ကြီးရွာအကြား ၊ ဒေါင့်ကြီး တံတားအနောက်ဘက်နားမှာ ပေါက်ကွဲတာပါ ၊ ပေါက်ကွဲသံပြင်းပြီး ၄ ကြိမ်ဆက်တိုက် အသံကြားရလိုက်တယ် ၊ ရဲကားတန်းထဲက ဒါဘရယ်ကပ် ကား ၁ စီး ပျက်စီးလို့ ထွန်စက်နဲ့ ကားပျက်ကိုဆွဲသွားတယ် ၊ ရဲ ၁ ယောက်လည်း ဒဏ်ရာရတယ် ” လို့ အက်ုက္ကားရွာခံတစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ပေါက်ကွဲမှုမှာ မိုင်းစထိမှန် ပျက်စီးသွားတဲ့ကား ၂ စီးဟာ Grand Tiger အမျိုးအစား ကား ၁ စီး နဲ့ Kluger ကား ၁ စီးတို့ဖြစ်ပြီး Grand Tiger ကားရဲ့ ဘီးတွေပေါက်ကွဲပျက်စီးကာ အဲ့ဒီကားပေါ်မှာ လိုက်ပါလာတဲ့ ရဲ ၁ ယောက် ယာဘက် လက်သန်း မိုင်းစထိမှန် ဒဏ်ရာရခဲ့တာဖြစ်ပါတယ် ။
 
ဒါ့အပြင် Kluger ကားရဲ့ ယာဥ်ရှေ့ပိုင်းမှာရှိတဲ့ စက်ကိရိယာ အစိပ်အပိုင်းတွေ မိုင်းစထိမှန် ပျက်စီးခဲ့တဲ့အတွက် မောင်းနှင်မရတာကြောင့် လယ်ထွန်စက်နဲ့ ဆွဲယူသယ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။
 
ဒီမနက်ပိုင်းက မုံရွာမြို့ မုံရွာ-ဘုတလင်-ရေဦးသွားကားလမ်းနဲ့ မုံရွာ-ယာကြီး-ကလေးဝသွားကားလမ်း ဒေသအခေါ် သုံးထောင့်ချွန်း လမ်းဆုံအနီးမှာ အဝေးထိန်းမိုင်း ၁ လုံးပေါက်ကွဲခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #တန့်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW