ယင်းမာပင်မှာ မိုင်းပေါက်ကွဲလို့ နွားကျောင်းနေတဲ့ မောင်နှမ၂ ယောက် ဒဏ်ရာရ

သြဂုတ် ၊ ၁၆ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်က နွားကျောင်းနေတဲ့ မောင်နှမ ၂ ယောက်ဟာ ထောင်မိုင်းနင်မိပြီး ပေါက်ကွဲခဲ့တဲ့အတွက် ဒဏ်ရာတွေရရှိကာ မုံရွာပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာဌာကို မနေ့ သြဂုတ် ၁၅ ညပိုင်းက ရောက်လာတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” မိုင်းစထိမှန် အရေးပေါ် လူနာ ၂ ယောက် ရောက်လာတယ် ၊ အမျိုးသား အသက် ၁၉ နှစ် ဝဲဘက်ခါးဘေး ဒဏ်ရာ ၁ ချက် ၊ ဝဲဘက် ခြေမျက်စိအောက် ဒဏ်ရာ ၁ ချက် နဲ့ အမျိုးသမီး အသက် ၁၇ နှစ် ယာလက်မောင်း ဒဏ်ရာ ၁ ချက် ၊ ယာဘက်ပေါင် ဒဏ်ရာ ၁ ချက် ဖြစ်တယ် ” လို့ ကုသရေး ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။
 
မိုင်းစထိမှန်တဲ့ မောင်နှမ ၂ ယောက်ဟာ ယင်းမာပင်မြို့နယ် ၊ ပေါက်တိုက်ကျေးရွာမှာနေထိုင်ကြသူတွေဖြစ်ပြီး ရွာရဲ့ တောင်ဘက်က ယာခင်းထဲမှာ နွားကျောင်းနေရင်း ထောင်ထားတဲ့ မိုင်း ၁ လုံးကို နင်းမိပေါက်ကွဲရာက အခုလို ဒဏ်ရာတွေရရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
 
အခုလို မိုင်းကွဲခဲ့တဲ့ ပေါက်တိုက်ကျေးရွာမှာ မနေ့က မနက် အစောပိုင်း ၁ နာရီဝန်းကျင်က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း အသက် ၅၀ နှစ်ဟာ နေအိမ်မှာ မိသားစုနဲ့အတူ အိပ်နေချိန် လူတစ်စုက လာရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဦးခေါင်းကျည်ဆံဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးခဲ့ပါသေးတယ်။
 
ယင်းမာပင်မြို့နယ် ကောင်းဆင့်ရွာအနီး မုံရွာ-ဂန့်ဂေါ ကားလမ်းမှာ သြဂုတ် ၁၂ ရက် ညနေပိုင်းက စစ်ကားတွေဖြတ်သန်းသွားနေချိန် မိုင်း ၅ လုံး ဆက်တိုက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ် ။
 
အဲ့ဒီဖြစ်စဥ်မှာ ကားလမ်းဘေးကို မိုင်း ၇ လုံးထောင်ထားတာဖြစ်တဲ့အနက် မိုင်း ၅ လုံးပေါက်ကွဲပြီး ကျန် မိုင်း ၂ လုံးက မပေါက်ကွဲတဲ့အတွက် ရှင်းလင်းခဲ့တယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #ယင်းမာပင်

Related posts

Leave a Comment

VOM News

FREE
VIEW