ဖမ်းဆီးခံထားရတဲ့ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေ ကိုဗစ်နဲ့ကွယ်လွန်

သြဂုတ် ၁၆၊၂၀၂၁
KK(VOM)
 
ပုဒ်မ၅၀၅(က)နဲ့အမှုဖွင့်ပြီး ပဲခူးကျိုက်စကောအကျဥ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေဟာ ကိုဗစ်ရောဂါနဲ့ဒီကနေ့မနက်မှာပဲ ကွယ်လွန်သွားတယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။
 
ကမာနက်ကျေးရွာက NLDပါတီဝင်တစ်ဦးက”သူ့မှာ သွေးတိုးရော ဆီချိုရောရှိတယ်၊ ထောင်ထဲမှာ ကိုဗစ်ကူးတယ်ဆိုတော့ ဘယ်အဆင်ပြေမလဲ၊ ကလိဆေးရုံမှာတက်နေတာ နှစ်ပတ်ကျော်ပြီ ဒီနေ့မနက်က ဆုံးသွားတာ”လို့ ပြောပါတယ်။
 
လွှတ်တော်ကိုယ်စားလှယ်ဦးညွန့်ရွှေဟာ ဖေဖော်ဝါရီ ၉ရက်ကပြုလုပ်တဲ့ ပဲခူးမြို့ပေါ် ဆန္ဒပြပွဲတစ်ခုမှာ ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။
 
ပဲခူးကျိုက်စကောအကျဥ်းထောင်မှာ ဇူလိုင် ၂၄ ရက်က စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း နဲ့ တိုင်းလွှတ်တော် NLD အမတ် ဦးညွန့်ရွှေ တို့နှစ်ဦးဟာ ကိုဗစ်ကူးစက်ခံရပြီး ကလိဆေးရုံကို ပို့ဆောင်ကုသခဲ့တယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။
 
သေဆုံးသူဦးညွန့်ရွှေရဲ့ နာရေးကို ဒီကနေ့မွန်းလွဲပိုင်းမှာ စစ်တပ်ကနေ ပြုလုပ်ပေးမယ်လို့ သိရပြီး မိသားစုဝင်တွေကတော့ ပဲခူးမြို့နယ်၊ ၆ရပ်ကွက်၊ သနပ္ပင်လမ်းရှိ နေအိမ်မှာ ရက်လည်ဆွမ်းအစီအစဉ်ကို ထပ်မံပြုလုပ်မယ်ဟု ပဲခူးNLDပါတီဝင်တစ်ဦးက ပြောပါတယ်။
 
ကွယ်လွန်ချိန်မှာ အသက် ၇၅နှစ်ရှိပြီဖြစ်တဲ့ ဦးညွန့်ရွှေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပဲခူးမြို့နယ် မဲဆနယ် (၁)တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိူင်ရရှိခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း မဲဆန္ဒနယ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ယှဥ်ပြိုင်ခဲ့ရာ ထပ်မံအနိူင်ရရှိခဲ့သူလည်းဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ပဲခူး #လွှတ်တော်ကိုယ်စားလှယ် #ဦးညွှန့်ရွှေ #ကိုဗစ#ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW