မူဆယ်နန်းတော်ပေါက် ဒီကနေ့တစ်ရက် ပြန်ဖွင့်ပေး

ဩဂုတ် ၁၆-၂၀၂၁
Shy V (VOM)
 
တရုတ်-မြန်မာ နှစ်နိုင်ငံ တရားဝင်ဂိတ် နန်း​တော်​ပေါက်ကို ဩဂုတ်လ ၁၆ ရက်​နေ့ ဒီကနေတစ်ရက်တည်း ပြန်လည်ဖွင့်​ပေးပြီး ပြည်တော်ပြန်တချို့ကို ပြန်ပို့ပေးနေတယ်လို့ ရွှေလီရှိ ​ရွှေမြန်မာအွန်လိုင်းအ​ရေး​ပေါ် ကျန်းမာ​ရေးကူညီမှုအသင်းကနေ သိရပါတယ်။
 
“တစ်သုတ် ပို့ပြီးရင် ပြန်ပိတ်မှာ။ ဘာဖြစ်လို့လဲ ဆို​တော့ ​ရွှေလီ က ကိုဗစ် အဝါ​ရောင်အဆင့် သတ်မှတ်ထားလို့၊ တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်ခြမ်း ရွှေလီ၊ ကျယ်ဂေါင်တို့မှာ ရှိနေတဲ့ မြန်မာနိုင်ငံသား​တွေ​အပါအဝင် တရုတ်နိုင်ငံသားတွေအားလုံးကို တစ်ရက်ခြား တစ်ကြိမ် ပိုးရှိ၊မရှိ စစ်ဆေးပေး​နေတယ်၊ လော​လောလတ်လတ် ပိုးစစ်ပြီး ပိုးမရှိတဲ့ မြန်မာနိုင်ငံသားတွေမှသာ မြန်မာဘက်ကို ပြန်ပို့​ပေးတယ်။” လို့ ရွှေမြန်မာအွန်လိုင်းအ​ရေး​ပေါ် ကျန်းမာ​ရေးကူညီမှု အသင်းဥက္ကဌ ကိုချမ်း​မြေ့က ​ပြောပါတယ်။
 
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ အဝင်/အထွက် ဂိတ်တွေကို ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ပေမယ့် မြန်မာနိုင်ငံသားတွေအတွက် သီးသန့်ပြည်​တော်ပြန်ဖို့ ဇူလိုင်လ ၂၆ ရက်​နေ့ မနက် ၈ နာရီကစ နှစ်နိုင်ငံ တရားဝင် အဝင်/ အထွက် နန်း​တော်ဂိတ်ကနေ ပြန်ထွက်ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
 
ဇူလိုင်လ ၂၆ ရက်​နေ့ကနေ ဩဂုတ် ၁၀ ရက်​နေ့အထိ ၁၆ ရက်အတွင်း နန်း​တော် တရားဝင်ဂိတ်​ပေါက်မှ ပြန်လည်ဝင်​ရောက်လာသူ ပြည်​တော်ပြန် ၄၆၅၄ ဦးရှိပြီး နယ်စပ်ခိုး​ဝင်ပေါက်က ပြန်လာသူ​တွေ၊ ပို့ဆောင်ခံရသူတွေလည်း ​ရှိ​နေဆဲ ဖြစ်ပါတယ်။
 
Photo – လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကွန်ယက်
#voiceofmyanmar #VOM #တရုတ်မြန်မာနယ်စပ်

Related posts

Leave a Comment

VOM News

FREE
VIEW