ထိုင်းမှာ ဒယ်လ်တာဗိုင်းရပ်စ်ကာကွယ်ဖို့ ကာကွယ်ဆေးနှစ်မျိုးပေါင်းစပ်ထိုးနှံမယ်လို့ ကြေညာ

ဗန်ကောက်၊ သြဂုတ်-၁၈-၂၀၂၁
မျိုးဆက် (VOM)
 
ထိုင်းနိုင်ငံမှာ ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေးနှစ်မျိုးပေါင်းစပ် ထိုးနှံမယ်လို့ ထိုင်းတာ၀န်ရှိသူတွေက သြဂုတ် ၁၇ ရက်မှာထုတ်ဖော်ပြောဆိုလိုက်ပြီး မတူညီတဲ့ ကာကွယ်ဆေးတွေကို ပေါင်းစပ်အသုံးပြုမယ်လို့ ကြေညာလိုက်တဲ့ ပထမဆုံးနိုင်ငံလည်းဖြစ်ပါတယ်။
 
Sinovac ကာကွယ်ဆေးထိုးနှံပြီးနောက် AstraZeneca ထပ်မံထိုးနှံတာဟာ ကိုယ်ခံစွမ်းအားကို သိသိသာသာမြင့်တက်စေတယ်လို့ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနမှ ထိပ်တန်းတာ၀န်ရှိသူ ဒေါက်တာ ချာ၀ပ်ဆန်နမ်၀ပ်က ထုတ်ဖော်ပြောဆိုပါတယ်။
 
ပြည်တွင်းမှာ ထုတ်လုပ်တဲ့ AstraZeneca ကာကွယ်ဆေးကို အဓိကအသုံးပြုဖို့ မူလက စီစဉ်ထားပေမယ့်လည်း အစိုးရရဲ့ ကာကွယ်ဆေးထုတ်လုပ်နိုင်မှု ပမာဏ ပြည့်မှီခြင်းမရှိတာကြောင့် ပြည်သူတွေကို ကာကွယ်ဆေးအလျှင်အမြန်ထိုးနှံပေးနိုင်ရေးအတွက် Sinovac ကာကွယ်ဆေးတွေကို ထိုင်းအစိုးရက အသုံးပြုနေခဲ့ပါတယ်။
 
ကာကွယ်ဆေးထိုးအစီအစဉ်မြှင့်တင်ရေး အားထုတ်မှုအဖြစ် Sinovac ကာကွယ်ဆေး ၁၂ သန်းကို ထပ်မံ၀ယ်ယူသွားမှာဖြစ်တယ်လို့ ထိုင်းအစိုးရ ထိပ်တန်းတာ၀န်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုထားပါတယ်။
 
Sinovac ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ်ထိုးနှံမှာဖြစ်ပြီး ဒုတိယမြောက် ကာကွယ်ဆေးအဖြစ် AstraZeneca ကာကွယ်ဆေးကို အသုံးပြုမှာဖြစ်ကာ ဒီလိုပေါင်းစပ်အသုံးပြုတဲ့နည်းလမ်းဟာ ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်လို့ ထိုင်းတာ၀န်ရှိသူတွေကပြောပါတယ်။
 
Ref: Straits Times
Photo: AFP
#voiceofmyanmar #vom #ဗန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW