နယူးဇီလန်မှာ ကိုဗစ်လူနာသစ်တစ်ဦးတွေ့ရှိလို့ တစ်နိုင်ငံလုံးလော့ခ်ဒေါင်းချ

၀ယ်လင်တန်၊ သြဂုတ်-၁၈-၂၀၂၁
မျိုးဆက် (VOM)
 
နယူးဇီလန်နိုင်ငံမှာ ခြောက်လအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအမျိုးသားတစ်ဦး တွေ့ရှိခဲ့တာကြောင့် နိုင်ငံတစ်၀န်း လော့ခ်ဒေါင်းချလိုက်ကြောင်း ကြေညာလိုက်ပါတယ်။
 
ကူးစက်မှုတွေ့ရှိခဲ့တဲ့ အော့ကလန်ဒေသမှာ သီတင်းတစ်ပတ်ကြာ လော့ခ်ဒေါင်းချသွားမှာဖြစ်ပြီး နိုင်ငံရဲ့ အခြားဒေသတွေကိုတော့ သုံးရက်ကြာလော့ခ်ဒေါင်းချမယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။
 
ကူးစက်မှုဟာ ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ် ဟုတ်၊မဟုတ်ဆိုတဲ့ ယူဆချက်တွေအပေါ်မှာ အကဲဖြတ်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။
 
နိုင်ငံအတွင်းမှာ လက်ရှိချိန်ထိ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးအပြည့်အ၀ထိုးနှံပေးပြီးဖြစ်ပါတယ်။
 
လက်ရှိချမှတ်ထားတဲ့ လော့ခ်ဒေါင်းကို အဆင့်လေးအဖြစ်သတ်မှတ်ထားတာကြောင့် မဖြစ်မနေလိုအပ်တဲ့ လုပ်ငန်းတွေကလွဲပြီး စာသင်ကျောင်းတွေ၊ ရုံးတွေနဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို ပိတ်သိမ်းရမယ်လို့ ၀န်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်က ပြောပါတယ်။
 
ဗိုင်းရပ်ကူးစက်ခံရတဲ့ အသက် ၅၈ နှစ်အရွယ်အမျိုးသားဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်ကတည်းက ကူးစက်ခံရတာလို့ ယုံကြည်ရပါတယ်။
 
နယူးဇီလန်နိုင်ငံမှာ ကိုဗစ်ကြောင့်သေဆုံးသူဟာ လက်ရှိအချိန်ထိ ၂၅ ဦးသာရှိပါတယ်။
 
Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝယ်လင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW