အာဖဂန်မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် တာလီဘန်အဖွဲ့ကြေညာ

ကဘူး၊ သြဂုတ်-၁၈-၂၀၂၁
မျိုးဆက် (VOM)

အာဖဂန်နစ္စတန်နိုင်ငံမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံတကာတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းသူတွေအပါအဝင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို တာလီဘန်အဖွဲ့က သြဂုတ် ၁၇ ရက်အစောပိုင်းမှာ ကြေညာလိုက်ပြီး အမျိုးသမီးများအနေနဲ့ သူတို့ရဲ့ အစိုးရအဖွဲ့မှာ ပူးပေါင်းပါဝင်စေလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အာဖဂန်နစ္စတန်ရှိ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အစ္စလာမ့်ဥပဒေမူဘောင်အတွင်းမှ လေးစားသွားမှာဖြစ်တယ်လို့လည်း နိုင်ငံကိုထိန်းချုပ်ပြီးနောက် ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ တာလီဘန်ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။

အာဖဂန်အမျိုးသမီးများအနေနဲ့ လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့်ရရှိမယ်လို့ တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ ဇာဘီဟူလာမူဂျာဟစ်က ပြောပါတယ်။

အမျိုးသမီးတွေကို မိမိတို့ရဲ့ မူဘောင်အတွင်းမှ အလုပ်လုပ်ခွင့်နဲ့ ပညာသင်ကြားခွင့်ပြုသွားမှာဖြစ်တယ်လို့ သူကပြောဆိုပေမယ့် အခြားစည်းမျဉ်းနဲ့ ကန့်သတ်ချက်တွေကိုတော့ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

အာဖဂန်ပြည်သူများအနေနဲ့ အစ္စလာမ့်ဥပဒေမူဘောင်အတွင်းမှာ နေထိုင်ကြရမယ်လို့ ပြောရေးဆိုခွင့်ရှိသူက ကြိမ်ဖန်များစွာ ပြောဆိုခဲ့ပါတယ်။

တာလီဘန်တို့လက်အောက်မှ အမျိုးသမီးတွေရဲ့လွတ်လပ်ခွင့်တွေ ဆုံးရှုံးမှာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်ပူပန်နေကြပါတယ်။

Ref : BBC
Photo: AP
#voiceofmyanmar #VOM #ကဘူး

Related posts

Leave a Comment

VOM News

FREE
VIEW